ပြီးခဲ့သည့် ငါးရက်တာအတွင်း ကျပ် ၁၃၄၀ ကျော်ဖြင့် ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၇ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်ရက်အတွင်း ၁၂ ကျပ်ခုန်တက်လာကြောင်း ဈေးကွက်အတွင်းရှိ နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူ များထံမှ သိရသည်။
နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ဒေါ်လာဈေးညွှန်း ကိန်း ၁၀၁ ဒသမ ၅၉ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး ၁၀၁ ဒသမ ၂၁ ပွိုင့်အထိ ကျဆင်းခဲ့သော်လည်း မွန်းလွဲ ၂ နာရီတွင် ၁၀၁ ဒသမ ၄၄ ပွိုင့် အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် နိုဝင်ဘာ ၂၄ ရက်၌ ဒေါ်လာဈေးနှုန်း စံချိန်တင်ညွှန်းကိန်းအဖြစ် ၁၀၂ ဒသမ ၀၂ ပွိုင့်အထိ မြင့်တက်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးနှုန်းထားတစ်ခုကို ရောက်ရှိလာခဲ့သည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာတန်ဖိုး ပိုမိုမြင့်တက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် အမြင့်ဈေးဖြင့် ငြိမ်နေသော ဒေါ်လာဈေးနှုန်း ၁၂ ကျပ် ခုန်တက်လာခြင်း ဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် ကိုးနှစ်အတွင်း စံချိန်တင်နှုန်းထားအဖြစ် တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး ယခုနိုဝင်ဘာ ၂၉ ရက်တွင် စံချိန်တင်နှုန်းထားသစ်အဖြစ် ထပ်မံမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ နိုဝင်ဘာ ၂၃ ရက်တွင် ၁၃၅၃ ကျပ်၊ နိုဝင်ဘာ ၂၄ ရက်တွင် ၁၃၄၅ ကျပ်၊ နိုဝင် ဘာ ၂၅ ရက်တွင် ၁၃၄၇ ကျပ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ၁၃၄၆ ကျပ်၊ နိုဝင်ဘာ ၂၇ ရက် တွင် ၁၃၄၆ ကျပ်၊ နိုဝင်ဘာ ၂၈ ရက်တွင် ၁၃၄၆ ကျပ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၃၅၇ကျပ်ဖြစ်ပြီး အနိမ့်ဆုံး နှုန်းမှာ ၁၃၄၅ ကျပ်ဖြစ်သည်။ ငါးရက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ၁၃၄၁ ကျပ်မှ ၁၃၄၇ ကျပ်ကြားရှိခဲ့ရာမှ နိုဝင်ဘာ ၂၉ ရက်တွင် ၁၂ ကျပ် ခုန်တက်ခဲ့ခြင်း ဖြစ်သည်။
ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်းရည်ညွှန်း ဈေးနှုန်းကို ဆက်လက်မမြှင့်တင်ဘဲ ၁၃၀၅ ကျပ်အဖြစ်သာ ထားရှိခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းထားများမှာ နိုဝင်ဘာ ၁၆ ရက် တွင် ၁၂၈၇ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကျပ် ၁၂၉၀၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၂၉၂ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၂၉၅ ကျပ်၊ နိုဝင် ဘာ ၂၂ ရက်တွင် ကျပ် ၁၃၀၀၊ နိုဝင် ဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ ၁၃၀၅ ကျပ်အဖြစ် ဆက်လက်သတ်မှတ်ခဲ့ကြောင်း သိရသည်။
ငါးရက်တာ ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း တစ်ရက်တည်း ၁၂ ကျပ်ခုန်တက်လာပြီး တစ်ဒေါ်လာ ၁၃၅၇ ကျပ်ဖြင့် စံချိန်တင်










