မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသည့် တောရိုင်းတိရစ္ဆာန် ၂၂ မျိုးအထိ ရှိလာ

မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသည့် တောရိုင်းတိရစ္ဆာန် ၂၂ မျိုးအထိ ရှိလာ
Published 13 September 2016
ငြိမ်းငြိမ်းသူ

 မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသည့် တောရိုင်းတိရစ္ဆာန် ၂၂ မျိုးအထိ ရှိလာကြောင်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သော နိုင်ငံတကာ အဖွဲ့အစည်း (IUCN) မှ သိရသည်။“ကျွန်တော်တို့ IUCN စာရင်းထဲမှာပါတဲ့ တိရစ္ဆာန်၂၂ မျိုးလုံးက မြန်မာပြည်မှာဆိုရင် မျိုးသုဉ်းလုနီးပါး ဖြစ်လာပါတယ်။ ကျွန်တော်တာဝန် ထမ်းဆောင်နေတဲ့ တိရစ္ဆာန်ဥယျာဉ်ဟာ နောက်ဆုံးခံတပ် ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မျိုးသုဉ်းပျောက်ကွယ်မယ့် တိရစ္ဆာန်တွေကို မွေးမြူမယ်၊ ပေါက်ဖွားမယ်။ ပြီးတော့ သဘာဝတောထဲကို ပြန်ထည့်မယ်ဆိုရင် မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ်ကနေ လျော့ပါးနိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ တိရစ္ဆာန်ဥယျာဉ်ကို အဓိက သုတေသန လုပ်မယ်။ မျိုးပေါက်ဖွားပြီးတော့ သဘာ၀ တောထဲကို ပြန်ထည့်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ရှိပါတယ်” ဟု ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ခံ ဆရာဝန် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။    မျိုးသုဉ်းလုနီးပါး အခြေအနေရှိသည့် တိရစ္ဆာန်များတွင် ဝက်ကြံ့၊ ကြံ့ဆင်၊ နှာခေါင်းလန်မျောက် စသည်တို့ဖြစ်ပြီး မျိုးသုဉ်းမှု အန္တရာယ်နှင့် ကြုံတွေ့နေရသည့် တိရစ္ဆာန်များမှာ ကြံ့သူတော်၊ စိုင်၊ ကျွဲ၊ ကျား၊ ဆင်၊ တောခွေး၊ ကြောင်တံငါ၊ ကတိုးဂျီ၊ ရွှေသမင်၊ ဒရယ်၊ ပသျှူးသင်းခွေချပ်၊ တရုတ်သင်းခွေချပ်၊ မျောက်လွှဲကျော် (လက်ဖြူ)၊ မျောက်မျက် ကွင်းဖြူ၊ မျောက်လွှဲကျော် (မျက်ခုံးဖြူ)၊ Indochinese Lutung Shortridge's Langur၊ ဖျံ၊ Greater Marmoset Rat တို့ဖြစ်ပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် ပြသထားသည့် တိရစ္ဆာန်မျိုးစိတ် ကိုးမျိုးအထိ ပါဝင်နေကြောင်း သိရသည်။  

Most Read

Most Recent