နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အိုရီယမ်တယ်တိုး့ဂိတ်အနီးတွင် မန္တလေးမှ လားရှိုးသို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ

နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အိုရီယမ်တယ်တိုး့ဂိတ်အနီးတွင် မန္တလေးမှ လားရှိုးသို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ
ဖမ်းဆီးရမိသည့် ကျောက်စိမ်းတုံးများကို တွေ့ရစဉ်
ဖမ်းဆီးရမိသည့် ကျောက်စိမ်းတုံးများကို တွေ့ရစဉ်
Published 10 September 2016
ထွန်းနေလှိုင်(နောင်ပိန်)

မန္တလေးမြို့မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသော NISSAN AD VY12 အဖြူ ရောင်ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသော ကျောက်စိမ်းတုံးများအား စက်တင်ဘာ ၉ ရက် နံနက် ၇ နာရီက နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ဘန့်ဘွေးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဘန့်ဘွေးကျေးရွာ အနီးရှိ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ ထိုင်ခုံအောက် ခြေနင်းပြားများအောက်တွင် ဖုံးအုပ်သယ်ဆောင်လာသည့် အဝါရောင်တိပ်ဖြင့် ပတ်လျက် ကျောက်စိမ်းဟု ယူဆရသော အမည်ရောင်ကျောက်တုံး ဆိုက်စုံ ၁၁၄ တုံး၊ အလေးချိန် ၂၂၈ ဒသမ ၆၀၈၇ ကီလိုဂရမ်ခန့်  ဒေသပေါက်ဈေး တစ်ကီလိုလျှင် ၁၀၀,၀၀၀ နှုန်း ဖြင့် ကျပ် ၂၂၈ သိန်းကျော်ခန့်အား ရှာဖွေ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ကျောက်စိမ်းတုံးများအား ရှာဖွေတွေ့ ရှိသဖြင့် စစ်မေးရာ တရားဝင် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် တရားမဝင် ကျောက်စိမ်းများ သယ်ဆောင်လာသူ တုံပေါင်ဟူ (ခ) ကိုစိုင်း (၃၀) နှစ်၊ လားရှိုးမြို့နေသူအား နောင်ချိုမြို့မရဲစခန်းတွင် (ပ) ၁၀၅/၂၀၁၆ ကျောက်မျက် ၄၂ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။