ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ် ပါတီညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေးအား ရွေးချယ်

ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ် ပါတီညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေးအား ရွေးချယ်
Published 23 August 2016
ကျော်ဇင်ဝင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ် ယခင်အစိုးရလက်ထက် ရထားပို့ဆောင်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန်းဌေးအား ဒုတိယအကြိမ် ပါတီညီလာခံတွင် ရွေးချယ်အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို  သြဂုတ် ၂၃ ရက်က စတင်ကာ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ်တွင် ကျင်းပနေခြင်း ဖြစ်သည်။
 
ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးသန်းဌေးသည် ယခင်က ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 
 
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့ အခမ်းအနားတွင် ညီလာခံက ရွေးချယ်အတည်ပြုသည့် ဗဟိုနာယကအဖွဲ့(ပါတီဗဟိုဦးဆောင်ကော်မတီ) မှာ ဦးသိန်းစိန်၊ ဦးဌေးဦး၊ သူရဦးအေးမြင့်၊  ဦးသောင်း၊ ဦးစိုးသာ၊ ဦးလွန်းသီ၊  ဦးတင်ထွတ်၊ သူရဦးမြင့်မောင်၊ ဦးခင်အောင်မြင့် တို့ဖြစ်ကြကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
 
ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့ အခမ်းအနားတွင် ညီလာခံက ရွေးချယ်အတည်ပြုသည့် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များမှာ ဦးသန်းဌေး (ဥက္ကဋ္ဌ)၊ ဦးမြတ်ဟိန်း (ဒု-ဥက္ကဋ္ဌ)၊ ဦးသက်နိုင်ဝင်း (အထွေထွေအတွင်းရေးမှူး)၊ ဦးပိုက်ထွေး (အတွင်းရေးမှူး)၊ ဦးသန်းထွန်း (အတွင်းရေးမှူး)၊  ဒေါက်တာကျော်ကျော်ဌေး (အတွင်းရေးမှူး)၊ ဦးတင်အောင်ချစ် (အတွင်းရေးမှူး)၊ ဒေါက်တာစန်းစန်းနွယ် (အတွင်းရေးမှူး)၊ ဦးစိုးနိုင် (ဥက္ကဋ္ဌ၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ)၊ ဦးခင်ရီ (ဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ) တို့ဖြစ်ကြပြီး ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များမှာ ဦးမြင့်စိုး ၊  ဦးသောင်းအေး၊ ဦးအောင်ထွန်း ၊ ဦးလှသိန်းဆွေ၊  ဦးသူရိန်ဇော်၊ ဒေါက် တာပွင့်ဆန်း ၊ ဒေါက်တာမောင်သင်း ၊ ဒေါ်နန်းနီနီအေး ၊ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ဦးလင်းဇော်ထွန်း ၊  ဦးအောင်တင်မြင့်၊  ဒေါက်တာအောင်မြတ်ဦး၊ ဦးလှသိန်း၊ ဦးရားဝမ်းဂျုံ၊ ဦးပိုးရယ်အောင်သိန်း ၊ ဦးစောမြင့်ဦး၊ ဒေါက်တာမှုထန်၊ ဒေါက်တာမြင့်သိန်း၊ ဦးချစ်သန်း၊  ဦးစောမော်ထွန်း၊ ဒေါက်တာ မောင်မောင်ဌေး ၊  ဦးဝင်းမောင်၊  ဦးအောင်ကြည်သိန်း၊ ဒေါက်တာစန်းရွှေ၊ ဦးခင်မောင်စိုး၊  ဦးသန်းဝင်း၊ ဦးဉာဏ်လင်း၊ ဦးဝေလွင် တို့ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံမှ ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ရွေးချယ်တာဝန်ပေးနိုင်မှုအပေါ် ဝမ်းမြောက် ဂုဏ်ပြုပါကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးထံ လိပ်မူ၍ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
 

Most Read

Most Recent