ယခုနှစ်စမှ ဇူလိုင်လကုန်အထိ ခုနစ်လအတွင်း တစ်နိုင်ငံလုံးတွင် လူသတ်မှုပေါင်း ၇၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန၊ မှုခင်းဌာနမှ စုံစမ်း သိရှိရသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လကုန်အထိ ခုနစ်လအတွင်း တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု ၇၅၁ မှုအထိ ရှိကြောင်း သိရပြီး ယင်းတို့အနက် အစိုးရသစ်လက်ထက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ရက် ၁၀၀ စီမံကိန်း စတင်ခဲ့သည့် မေလမှ ဇူလိုင်လအတွင်း လူသတ်မှု ၃၄၆ မှုရှိကြောင်း သိရသည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက “ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုက တစ်နိုင်ငံလုံး ဆိုရင် ၉၅ မှု ရှိပါတယ်” ဟု ပြောကြားသည်။၂၀၁၆ ခုနှစ် နှစ်စဖြစ်သည့် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံးတွင် လူသတ်မှု ၈၇ မှု၊ ဖေဖော်ဝါရီလအတွင်း လူသတ်မှု ၈၆ မှု၊ မတ်လအတွင်း လူသတ်မှု ၁၀၉ မှု၊ ဧပြီလအတွင်း လူသတ်မှု ၁၂၃ မှု ဖြစ်ပွားခဲ့သည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အတွင်းက တစ်နိုင်ငံလုံးတွင် လူသတ်မှု ၁၂၆၄ မှု၊ ဓားပြမှု ၁၀ မှု၊ လုယက်မှု ၁၃၆ မှု၊ မုဒိမ်းမှု ၆၈၂ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ နှစ်အလိုက် ထုတ်ပြန်သည့် မှုခင်းမှတ်တမ်းများအရ သိရသည်။
ယခုနှစ်စမှ ဇူလိုင်လကုန်အထိ တစ်နိုင်ငံလုံးတွင် လူသတ်မှု ၇၅၀ ကျော် ဖြစ်ပွား
Most Read
Most Recent
48 min ago
1 hour ago
1 hour ago
1 hour ago
1 hour ago
1 hour ago