လွှတ်တော်ကိုယ်စားလှယ်များ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအား တွေ့ဆုံရာတွင် လွှတ်တော်အဆောင်အယောင် အမည်နာမ အသုံးမပြုရန်နှင့် မိမိသဘောဖြင့် တွေ့ဆုံဆွေးနွေးခြင်းများသည် လွှတ်တော်နှင့် မသက်ဆိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်၍ ပန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ဟု ပြည်သူ့လ

လွှတ်တော်ကိုယ်စားလှယ်များ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအား တွေ့ဆုံရာတွင် လွှတ်တော်အဆောင်အယောင် အမည်နာမ အသုံးမပြုရန်နှင့် မိမိသဘောဖြင့် တွေ့ဆုံဆွေးနွေးခြင်းများသည် လွှတ်တော်နှင့် မသက်ဆိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်၍ ပန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ဟု ပြည်သူ့လ
Published 26 July 2016

လွှတ်တော်ကိုယ်စားလှယ်များ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအား တွေ့ဆုံရာတွင် လွှတ်တော်အဆောင်အယောင် အမည်နာမ အသုံးမပြုရန်နှင့် မိမိသဘောဖြင့် တွေ့ဆုံဆွေးနွေးခြင်းများသည် လွှတ်တော်နှင့် မသက်ဆိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်၍ ပန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ဟု ပြည်သူ့လွှတ်တော်ရုံးမှ ရှင်းလင်း
 
လွှတ်တော်ကိုယ်စားလှယ်များက ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအား တွေ့ဆုံရာတွင် လွှတ်တော်အဆောင်အယောင် အမည်နာမ အသုံးမပြုရန်နှင့် မိမိသဘောဆန္ဒဖြင့် တွေ့ဆုံဆွေးနွေးခြင်းများသည် လွှတ်တော်နှင့် မသက်ဆိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ပန်ကြားချက် ထုတ်ပြန်ခဲ့ဖြစ်ဟု ပြည်သူ့လွှတ်တော်ရုံးက ဇူလိုင် ၂၆ ရက် သတင်းထုတ်ပြန်သည်။
 
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသိရှိစေရန် ပန်ကြားချက်” သည် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေး ဆုံးရှုံးစေရန် တဖြည်းဖြည်း ကျပ်တည်းလာစေရန် ဗဟိုဦးစီးစနစ် ဆန်စေရန် ထုတ်ပြန်ခဲ့ခြင်း မဟုတ်ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် ဆက်ဆံမှုအပေါ် ထိန်းချုပ်ခြင်းလည်း မဟုတ်ကြောင်း၊ မိမိတို့၏ နိုင်ငံသား မူလအခွင့်အရေးအရ ကျန်းမာရေး၊ မိသားစုအရေး၊  အလည်အပတ်စသည့် ကိုယ်ရေးကိုယ်တာ ခရီးစဉ်များကို လွတ်လပ်စွာ စီစဉ်ဆောင်ရွက်နိုင်ခွင့်ရှိကြောင်း  ဖော်ပြထားသည်။
 
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဖြစ်စေ၊ လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီဝင်အနေဖြင့် ဖြစ်စေ၊ လွှတ်တော်၏ အဆောင်အယောင် လွှတ်တော်အမည်ကို အသုံးပြု၍ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို မိမိဘာသာ ချိတ်ဆက်ပြီး လွှတ်တော်ရေးရာကော်မတီဆောင်များတွင် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်းနှင့် ပြည်ပခရီးစဉ်များကို အမည်နာမတပ်၍ ဖိတ်ကြားခိုင်းခြင်းများ မပြုရန်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
 
ထို့အတူ သတင်းထုတ်ပြန်ချက်၌ ယင်းပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် လွှတ်တော်ရေးရာ ကော်မတီဆောင်များတွင် တွေ့ဆုံခြင်းကိုလည်း တားမြစ်ပိတ်ပင်ခြင်း မရှိကြောင်း၊ ဖိတ်ကြားသည့် အဖွဲ့အစည်း၊ ဖိတ်ကြားခံရသည့်  ကိုယ်စားလှယ်နှင့် ကော်မတီတို့ က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြလာပါက ခွင့်ပြုပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
 
“လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဖြစ်စေ၊ လွှတ်တော်ရေးရာကော်မတီဝင် အနေဖြင့်ဖြစ်စေ မိမိတို့သဘောနှင့် မိမိတို့ တွေ့ဆုံပြီး မိမိဆန္ဒသဘောထားများကို မိမိဘာသာ ဆွေးနွေးခြင်း သဘောထားမှတ်ချက်ပေးခြင်းတို့မှာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်းမဟုတ်၍ လွှတ်တော်နှင့် မသက်ဆိုင်ကြောင်းတို့ကို ဆိုလိုခြင်းဖြစ်ပါသည်”ဟု ပြည်သူ့လွှတ်တော်၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။