ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ တာမွေ (ယာယီ) ဈေးတွင် ဇူလိုင် ၁၈ ရက် မွန်းလွဲပိုင်းက အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် တာမွေ (ယာယီ)ဈေးနံဘေးရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်ရှေ့တွင်ဖြစ်ပွားခဲ့ပြီး ဓားထိုးမှုကြောင့် အမျိုးသမီးမှာ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။“အရင်ဆုံး စကားများနေကြတယ်။ ညှိမရတဲ့နောက်ပိုင်း ကောင်လေးက ဆိုက်ကားပေါ်က ဓားကိုယူပြီး ရင်ဝကိုထိုးလိုက်တယ်။ ကောင်လေးက ဆိုက်ကားနင်းတာပါ။ အထိုးခံရတဲ့သူက သူ့ယောက္ခမတော်တယ်” ဟု ဖြစ်စဉ်အား မြင်တွေ့ခဲ့သူ ကိုတင်လှိုင်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာမွေ မြို့မရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ကျူးလွန်သူအား စခန်းတွင် ထိန်းသိမ်းထားကာ ဓားဖြင့်ထိုးခံရသည့် အမျိုးသမီးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဖြေကြားသည်။“ကျူးလွန်သူက စခန်းကို လာအဖမ်းခံတယ်။ အဲဒီတော့ ကျုးလွန်သူကို ပုဒ်မ ၃၂၆ နဲ့ ကနဦး အမှုဖွင့်စစ်ဆေးနေပါတယ်။ ဘယ်လို စဖြစ်လဲဆိုတာကိုတော့ စစ်ဆေးနေဆဲဖြစ်ပါတယ်”ဟု တာမွေမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တာမွေမြို့နယ်ရှိ တာမွေ (ယာယီ) ဈေးရှေ့တွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးမှု ဖြစ်ပွား
Most Read
Most Recent
7 hours ago
7 hours ago
7 hours ago
7 hours ago
7 hours ago
7 hours ago