၂၀၁၆ ခုနှစ် ဇန်နဝါရီမှ မေလအထိ ငါးလအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုများကြောင့် လူ ၂၂၀၀ ကျော် သေဆုံး

၂၀၁၆ ခုနှစ် ဇန်နဝါရီမှ မေလအထိ ငါးလအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုများကြောင့် လူ ၂၂၀၀ ကျော် သေဆုံး
Published 18 June 2016
ဉာဏ်ဝင်းရှိန်

ယခုနှစ် ဇန်နဝါရီမှ မေလအထိ ငါးလအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူပေါင်း ၂၂၀၀ ကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီမှ မေလအတွင်း တစ်နိုင်ငံလုံး၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၇၁၈၅ မှုရှိပြီး  ၁၂၀၂၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူပေါင်း ၂၂၂၃ ဦးရှိခဲ့ကြောင်း သိရသည်။ယခုနှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုပေါင်း  ၁၃၃၄ မှု ဖြစ်ပွားခဲ့ပြီး ၂၁၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၄၁၆ ဦး သေဆုံးခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၁၃၆၀ ဖြစ်ပွားခဲ့ပြီး ၂၂၂၃ ဦး ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးသူပေါင်း ၄၁၃ ဦးရှိခဲ့သည်။မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတွင် ယာဉ်မတော်တဆမှုပေါင်း ၁၄၈၅ မှု ဖြစ်ပွားပြီး ၂၅၇၆ ဦး ဒဏ်ရာရရှိကာ ၄၉၈ ဦး သေဆုံးခဲ့သည်။ ဧပြီလ အတွင်းက တစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆမှုပေါင်း ၁၆၇၄ မှု ဖြစ်ပွားပြီး ၃၀၆၈ ဦး ဒဏ်ရာ ရရှိကာ ၅၀၉ ဦး သေဆုံးခဲ့သဖြင့် ၂၀၁၆ ခုနှစ် ပထမ ငါးလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးလ ဖြစ်ခဲ့သည်။
ထို့ပြင် မေလအတွင်းက တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၁၃၃၂ မှု ဖြစ်ပွားပြီး ၂၀၃၉ ဦး ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးသူပေါင်း ၃၈၇ ဦး ရှိခဲ့ကြောင်း သိရသည်။