မော်တော်ယာဉ် လေးစီး၏ Note Down ၌ ပြင်ဆင်ခဲ့သည့် ဝန်ထမ်းနှစ်ဦးကို ရာထူးတိုး တစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ်သာ ချမှတ်ခဲ့ပြီး မော်တော်ယာဉ် တင်သွင်းရာတွင် လိမ်လည် ပြင်ဆင်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခဲ့သည့် ဝန်ထမ်းသုံးဦးအား စာဖြင့် သတိပေးပြစ်ဒဏ်နှင့် နှစ်တိုးလ

မော်တော်ယာဉ် လေးစီး၏ Note Down ၌ ပြင်ဆင်ခဲ့သည့် ဝန်ထမ်းနှစ်ဦးကို ရာထူးတိုး တစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ်သာ ချမှတ်ခဲ့ပြီး မော်တော်ယာဉ် တင်သွင်းရာတွင် လိမ်လည် ပြင်ဆင်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခဲ့သည့် ဝန်ထမ်းသုံးဦးအား စာဖြင့် သတိပေးပြစ်ဒဏ်နှင့် နှစ်တိုးလ
Published 18 May 2016
ဖြိုးဝေ

မော်တော်ယာဉ် လေးစီး၏  Note Down ၌ ပြင်ဆင်ခဲ့သည့် ဝန်ထမ်းနှစ်ဦးကို ရာထူးတိုး တစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ်သာ ချမှတ်ခဲ့ပြီး မော်တော်ယာဉ် တင်သွင်းရာတွင် လိမ်လည် ပြင်ဆင်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခဲ့သည့် ဝန်ထမ်းသုံးဦးအား စာဖြင့် သတိပေးပြစ်ဒဏ်နှင့် နှစ်တိုးလစာ တစ်နှစ်ရပ်ဆိုင်းခြင်း ပြစ်ဒဏ်သာ အကောက်ခွန် ချမှတ်မော်တော်ယာဉ် တင်သွင်းရာ၌ Model Year များကို စစ်ဆေးရာတွင် တာဝန် မကျေပွန်ခြင်းနှင့် မော်တော်ယာဉ်လေးစီး၏ Note Down ၌ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သည့် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး နှင့် ဒုအကောက်ခွန်မှူးကို ရာထူးတိုး တစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ်သာ ချမှတ်ခဲ့ပြီး မော်တော်ယာဉ် တင်သွင်းရာတွင် လိမ်လည်ပြင်ဆင်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခဲ့သည့် လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်မှူး နှစ်ဦးအပါအဝင် သုံးဦးကို စာဖြင့် သတိပေးပြစ်ဒဏ်နှင့် နှစ်တိုးလစာ တစ်နှစ်ရပ်ဆိုင်းခြင်း ပြစ်ဒဏ်သာ အကောက်ခွန်ဦးစီးဌာနက ချမှတ်အရေးယူခဲ့ကြောင်း သိရသည်။စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ကိုယ်စားညွှန်ကြားရေးမှူး (စီမံ) ဦးသိန်းဆွေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းအမိန့်စာ အမှတ် ၂၄၃/၂၀၁၆ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း အရေးယူသည့် ဖြစ်စဉ်တွင် “အထက်ပါအကြောင်းအရာကိစ္စနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ အောက်ဖော်ပြပါ ဝန်ထမ်းများသည် MITT ဆိပ်ကမ်းရှိ မော်တော်ယာဉ်များ၏  Model Year များကို စစ်ဆေးရာတွင် တာဝန်မကျေပွန်ခြင်း (သို့မဟုတ်)  တာဝန်ကို ပေါ့ဆစွာ ထမ်းဆောင်ခြင်း၊ ကြိုတင်စစ် မော်တော်ယာဉ်လေးစီး၏ Note Down တွင် ပြင်ဆင်ခဲ့သည့် ဖြစ်စဉ်အပေါ် ယင်းဝန်ထမ်းနှစ်ဦးအား ရာထူးတိုးမြှင့်ခြင်းအတွက် တစ်နှစ် ရပ်ဆိုင်းသည့် ပြစ်ဒဏ်ချ မှတ်လိုက်သည်” ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ထိုသို့  ကြိုတင်စစ် မော်တော်ယာဉ်လေးစီး၏ Note Down တွင် ပြင်ဆင်ခဲ့သည့် ဖြစ်စဉ်အပေါ် ရာထူးတိုးမြှင့်ခြင်းအတွက် တစ်နှစ် ရပ်ဆိုင်းသည့် ပြစ်ဒဏ်ချမှတ်ခံရသည့် ဝန်ထမ်းနှစ်ဦးကို ဖော်ပြရာတွင် အမှတ်စဉ် (၁) ကပ ၂၇၁၀ ၊ အမည်  ဦးသန့်ဇော်ဇော်လှ၊ ရာထူး အကောက်ခွန်မှူး ဟု ဖော်ပြခဲ့ပြီး အမှတ်စဉ် (၂) တွင်၊ ကပ ၂၇၄၁၊ အမည် ဦးထွန်းလင်းအောင်-၃၊ ရာထူး ဒုတိယ အကောက်ခွန်မှူး ဟု ဖော်ပြထားကြောင်း သိရသည်။ထို့အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး (စီမံ) ဦးသိန်းဆွေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်း အမိန့်စာအမှတ် ၂၄၂/၂၀၁၆ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း အရေးယူသည့် ဖြစ်စဉ်တွင် “အထက်ပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်၍ မော်တော်ယာဉ်များ တင်သွင်းမှုအတွက်  သတ်မှတ်ရာတွင် အဓိကထား လက်ကိုင်အသုံးပြုရမည့်  Reference Book  အား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် အားနည်းခဲ့ခြင်း၊ ရိုးသားဖြောင့်မတ်မှု မရှိဘဲ လိမ်လည်ပြင်ဆင်ခြင်း (သို့မဟုတ်) လိမ်လည်ရန် အားထုတ်ခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းစသည့် ဖြစ်စဉ်တို့အပေါ် အကောက်ခွန်ဦးစီးဌာနမှ အောက်ဖော်ပြပါ ဝန်ထမ်းများအား ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်သည်” ဟု ဖော်ပြခဲ့သည်။ပြစ်ဒဏ် ချမှတ်ခံရသည့် ဝန်ထမ်းများ၏ အမည်များကို ဖော်ပြရာတွင်  အမှတ်စဉ် (၁) ကပ ၀၃၉၀၊ အမည် ဦးခင်မောင်လင်း၊ ရာထူး လက်/ညွှန်မှူး (ပြစ်ဒဏ်) ညွှန်ကြားရေးမှူးချုပ်မှ စာဖြင့် သတိပေးပြစ်ဒဏ်သာ ချမှတ်ခဲ့သည်ဟု ဖော်ပြထားပြီး အမှတ်စဉ် (၂) ကပ ၂၃၉၃၊ အမည် ဦးစိုင်းအားဇင်၊ ရာထူးအကောက်ခွန်မှူး၊ ပြစ်ဒဏ်ညွှန်ကြားရေးမှူးချုပ်မှ စာဖြင့် သတိပေးပြစ်ဒဏ်သာ ချမှတ်ခဲ့သည်ဟု ဖော်ပြထားကာ အမှတ်စဉ် (၃) တွင် ကပ ၂၃၃၆၊ အမည် ဦးစိန်ဝင်းကြိုင်-၂၊ ရာထူးအကောက်ခွန်မှူး၊ (ပြစ်ဒဏ်) နှစ်တိုးလစာ တစ်နှစ် ရပ်ဆိုင်းခြင်းပြစ်ဒဏ်ဟုသာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဦးစိန်ဝင်းကြိုင်- ၂ ကို နှစ်တိုးလစာ တစ်နှစ် ရပ်ဆိုင်းခြင်းပြစ်ဒဏ် ချမှတ်ရာတွင် နှစ်တိုးရပ်ဆိုင်းခြင်းကြောင့်  နောင်ရရန်ရှိသော နှစ်တိုးလစာများ ရွေ့သွားခြင်း မရှိစေရဟု ဖော်ပြခဲ့သည်။လာဘ်စားမှုများဖြင့် မကြာခဏ အရေးယူမှုများ ပြုလုပ်ခံရသည့် အကောက်ခွန်ဦးစီးဌာနတွင် လက်ရှိတွင် ဖားကန့်၌  ယာဉ်ယန္တရားများ တင်သွင်းရာတွင် လာဘ်စားမှုဖြစ်စဉ်များနှင့် ခွင့်ပြုချက်မရရှိဘဲ တင်သွင်းမှုကြောင့် ရာထူးမှ အနားပေးဖြစ်စဉ်သာ အရေးယူခဲ့ကြောင်း သိရပြီး ဆက်လက် စုံစမ်းစစ်ဆေးမှုများ မရှိခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာန (ရန်ကုန်) မှ ဦးမောင်မောင်ထွေးဆွေကို အဆိုပါ ပြစ်ဒဏ်ပေးသည့် အမိန့်စာသည် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်နှင့် ပတ်သက်၍  ဆက်သွယ်မေးမြန်းရာ ပြစ်ဒဏ်ပေးသည့် အမိန့်စာ ထွက်ရှိလာသည်ကို တွေ့ရှိကြောင်းနှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်ကို မတွေ့ရှိသေးကြောင်း The Daily Eleven  သတင်းစာသို့ အတည်ပြု ပြောကြားသည်။  

Most Read

Most Recent