အစိုးရအဖွဲ့၏ ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်အား နိုင်ငံတော် သမ္မတရုံးက ဧပြီ ၂၉ ရက်တွင် Myanmar President Office Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်မှုအရ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမှတ်စဉ် (၁) ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှတ်စဉ် (၂) နေရာတွင် ရှိနေကြောင်း ထုတ်ပြန်မှုအရ သိရသည်။
နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ပြည်ထောင်စု အင်္ဂါ စဉ်သတ်မှတ်ချက်မှာ (၁) နိုင်ငံတော်သမ္မတ၊ (၂) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ (၃) ဒုတိယ သမ္မတ -၁၊ (၄) ဒုတိယသမ္မတ-၂၊ (၅) ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ (၆) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ (၇) ပြည်ထောင်စုတရားသူကြီးချုပ်၊ (၈) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်အရ အမှတ်စဉ် (၉) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ (၁၀) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ (၁၁) ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ (၁၂) ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ (၁၃) အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ (၁၄) ပြည်ထောင်စုဝန်ကြီးများ၊ (၁၅) ပြည်ထောင်စု ရှေ့နေချုပ်၊ (၁၆) ပြည်ထောင်စု စာရင်းစစ်ချုပ်၊ (၁၇) ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ (၁၈)နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ (၁၉)ဝန်ကြီးချုပ် များ၊ (၂၀) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ (၂၁) ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ (၂၂) တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ၊ (၂၃) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ (၂၄) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ (၂၅) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ ဝင်များ၊ (၂၆) ဥပဒေကြမ်းကော်မတီ၊ (၂၇)ပြည် သူ့ငွေစာရင်းကော်မတီ၊ (၂၈)လွှတ်တော် အခွင့် အရေးကော်မတီ၊ (၂၉)အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊(၃၀)တိုင်းမှူးများ၊ (၃၁)ဒုတိယဝန် ကြီးများ၊ (၃၂) ဒုတိယရှေ့နေချုပ်၊ (၃၃)ဒုတိယ စာရင်းစစ်ချုပ်၊ (၃၄) ပြည်ထောင်စုရာထူးဝန် အဖွဲ့ အဖွဲ့ဝင်များ၊ (၃၅)နေပြည်တော် ကောင်စီ ဝင်များ၊ (၃၆)တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ (၃၇) မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ (၃၈) ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ စသည်တို့ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော် အခြေခံမူများ အခန်းတွင် 'နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်' ဟူ၍ ပြဋ္ဌာန်းထားသည်။
အစိုးရအဖွဲ့၏ ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှတ်စဉ် (၂) နေရာတွင်ရှိ















