တောင်တွင်းကြီးမြို့နယ် ညာဂမိုးအုပ်စု ဖျောက်ဆိတ်ကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ လူဦးရေ ၆၂၀ ဝန်းကျင် မီးဘေးသင့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။“အိမ်ခြေ ၁၈၀ လောက်ရှိတဲ့ ရွာကို ၁၀၀ ကျော် မီးလောင်သွားခဲ့ပါတယ်။ ၃ နာရီလောက်က စလောင်တဲ့မီးက ၄ နာရီခွဲလောက်မှာ မီးငြှိမ်းနိုင်ခဲ့ပါတယ်။ လက်ရှိကတော့ မီးလောင်မှုကြောင့် လူဦးရေ ၆၀၀ လောက် မီးဘေးသင့်ခဲ့ပါတယ်”ဟု တောင်းတွင်းကြီး ဒေသခံတစ်ဦးက ပြောကြားသည်။မီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၂ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၀၀ တို့ ပါဝင်ငြိမ်းသတ်ခဲ့ရပြီး ညနေ ၄ နာရီကျော်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်တွင်းကြီးမြို့နယ် မီးသတ်ဌာနသို့ ဆက်သွယ်မေးမြန်းရာ မီးစတင်လောင်ကျွမ်းခဲ့သော အကြောင်းအရင်းကို မသိရသေးကြောင်းနှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ဖျောက်ဆိတ်ကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၉ ရက်က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ဆုံးရှုံး















