နေပြည်တော်-မကွေး (ကံပြား) လမ်းဘေးတွင် အမျိုးသမီးတစ်ဦး မီးရှို့ အသတ်ခံရသည့် အမှုမှာ တစ်နှစ်ကျော် ကြာသည်အထိ သေဆုံးသူ၏ နာမည်ကိုပင် မသိရှိသေးကြောင်း စီအိုင်ဒီ ရဲမှူးကြီး ခင်မောင်အေးက ဖေဖော်ဝါရီ ၂၄ ရက်က ပြောကြားသည်။နေပြည်တော် ဥတ္တရသီရိမြို့နယ် မကွေး (ကံပြား)လမ်းဘေး၌ မီးရှို့ သတ်ဖြတ်ခံထားရသော အမျိုးသမီးတစ်ဦး အလောင်းကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရှိခဲ့ပြီး စစ်ဆေးရာတွင် သေဆုံးသူ၏ ဦးခေါင်းနှင့်ခါး၌ သေနတ်ဒဏ်ရာများ တွေ့ရှိခဲ့ရပြီး ယင်းအမှုအား စီအိုင်ဒီမှ လွှဲပြောင်းကာ တာဝန်ယူ စုံစမ်းနေကြောင်း သိရသည်။ “အခုထိတော့ ထူးခြားမှု မရှိသေးပါဘူး။ သေဆုံးသွားတဲ့ အမျိုးသမီး မည်သူမည်ဝါ ဖြစ်တယ် ဆိုတာကို မသိသေးဘူး။ ဒီအမှုကိုလည်း စဉ်ဆက်မပြတ် စုံစမ်းနေပါတယ်” ဟု စီအိုင်ဒီ ရဲမှူးကြီး ခင်မောင်အေးက The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ယင်းကဲ့သို့ ပြန်လည်ဖြေကြားသည်။ဖေဖော်ဝါရီ ၁၈ ရက်တွင် နေပြည်တော် မကွေး (ကံပြား) ကားလမ်း၊ မိုင်တိုင်အမှတ် ၄/၅ အနီးရှိ ကိုင်းပင်တောစပ် အနီးတွင် မီးလောင်ကျွမ်းထားသော အမျိုးသမီး ရုပ်အလောင်းအား ပက်လက် အနေအထားဖြင့် ဦးခေါင်းထိပ်ဝဲဘက် ပေါက်ပြဲဒဏ်ရာ၊ ပေါင်နှစ်ဖက်လုံးတွင် အသားစများအား ခွေးဆွဲထားသည့် ဒဏ်ရာများ၊ ယာဘက်လက်ကောက်ဝတ်တွင် ခွေးများကိုက်ဖြတ်ထားသော ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ရဲတပ်ဖွဲ့၏ ကနဦး မှုခင်းမှတ်တမ်းများအရ သေဆုံးသူ အမျိုးသမီး ဝတ်ဆင်ထားသော ဆွဲကြိုးနှင့် ဟန်းချိန်းတို့မှာ ဖန်စီပစ္စည်းများ မဟုတ်ဘဲ စိန်ထည်အစစ်အမှန် ဖြစ်သည့်အတွက် အမှုမှာ လူမှုရေး ကိစ္စကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သုံးသပ် ဖော်ပြထားသည်။အဆိုပါ သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တက်ရှိန်းနယ်မြေ ရဲစခန်းမှ (ပ)၄/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
နေပြည်တော်-မကွေး (ကံပြား) လမ်းနံဘေး အမျိုးသမီးတစ်ဦး မီးရှို့ အသတ်ခံရသည့်အမှုမှာ တစ်နှစ်ကျော် ကြာသည်အထိ သေဆုံးသူ၏ နာမည်ကိုပင် မသိရှိရသေးကြောင်း စီအိုင်ဒီ ရဲမှူးကြီး ပြောကြား