ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အတွင်းရှိ ATM ငွေထုတ်စက်များမှ ငွေကျပ် ၁၈ သိန်းအား ငွေကတ်အတုဖြင့် ခိုးထုတ်ခဲ့သည့် ဘူလ်ဂေးရီးယားနိုင်ငံသားကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ရုံးချိန်းတွင် အဆိုပါ ဘူလ်ဂေးရီးယားနိုင်ငံသားအား လဝကအက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့်တရားစွဲဆိုထားသော အမှုအတွက် တရားလိုဖြစ်သည့် လဝက အရာရှိတစ်ဦးဖြစ်သော ဦးမိုးသူနှင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၈၀ ဖြင့်တရားစွဲဆိုထားသော အမှုအတွက် တရားလိုဖြစ်သည့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာတွင် လဝက ဦးစီးအရာရှိမှ အဆိုပါ ဘူလ်ဂေးရီးယားနိုင်ငံသားသည် မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာသက်တမ်းမှာ ကုန်ဆုံးနေပြီး ဗီဇာသက်တမ်း တိုးခြင်းမရှိဘဲ ဆက်လက်နေထိုင်နေခြင်း၊ နိုင်ငံခြားသားတစ်ယောက် အနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများ ဖောက်ဖျက်ကျူးလွန်ပါက မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူနိုင်သဖြင့် ရဲစစ်ချက်များအရ ဘူလ်ဂေးရီးယားနိုင်ငံသားမှာ ATM စက်မှ ငွေကတ်အတုဖြင့် ငွေထုတ်ယူသည်ဟု သိရ၍ ယခုကဲ့သို့ လဝက အက်ဥပဒေဖြင့် တရားစွဲဆိုရခြင်း ဖြစ်သည်ဟု တရားရုံး၌ ထွက်ဆိုခဲ့သည်။
ထို့ပြင် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာမှလည်း ၎င်းတို့အနေဖြင့် လှည်းတန်းစင်တာနှင့် လှည်းတန်း စိန်ဂေဟာရှိ ATM စက်များအား ငွေဖြည့်သွင်းစဉ် စက်များအတွင်းမှ TK.MAXX တစ်ကတ်စီ တွေ့ရှိသဖြင့် စစ်ဆေးရာတွင် ဗီဇာကတ် Data များတွေ့ရှိခဲ့ရသဖြင့် စီစီတီဗွီ ကင်မရာမှတစ်ဆင့် ပြန်လည်စစ်ဆေးရာတွင် အဆိုပါ ဘူလ်ဂေးရီးယားနိုင်ငံသားက ငွေများထုတ်ယူခဲ့သည်ကို တွေ့ရှိခဲ့ရ၍ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ယင်းနောက် ကမာရွတ်မြို့နယ် တရားသူကြီးမှ ရုံးချိန်းအား မတ် ၇ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပြီး ယင်းနေ့၌ တရားလိုဖြစ်သည့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ မန်နေဂျာအား စွပ်စွဲခံရသူ ဘူလ်ဂေးရီးယားနိုင်ငံသား၏ ရှေ့နေက အပြန်အလှန် မေးခွန်းများ ဆက်လက်စစ်ဆေး မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကမာရွတ်မြို့နယ် တရားရုံး၌ အဆိုပါ ဘူလ်ဂေးရီးယားနိုင်ငံသားအား ပုဒ်မ ၃၈၀၊ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) တို့ဖြင့် တရားစွဲဆို စစ်ဆေးနေခြင်းသည်။
အဆိုပါ ဘူလ်ဂေးရီးယားနိုင်ငံသား Mr. MILEN ATANASOV(TASEV) မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က လှည်းတန်းစင်တာနှင့် လှည်းတန်းစိန်ဂေဟာရှိ ATM စက်တို့မှ ငွေကျပ် ၁၈ သိန်းအား VISA ကတ်အတု၊ MASTRO ကတ်အတုနှင့် MASTER ကတ်အတုတို့ဖြင့် ထုတ်ယူခဲ့ပြီး ၎င်းအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ကျောက်တံတားမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ငွေကျပ် ၄၉၂ သိန်း၊ ENGLAND POUNDS 20 တန် (၁၅ ရွက်)၊ ၎င်းအသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ATM ငွေထုတ်စက်မှ ငွေခိုးထုတ်မှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် ဘူလ်ဂေးရီးယားနိုင်ငံသား အမှုတွင် တရားလိုနှစ်ဦးအား စတင်စစ်ဆေး