ဲှုJICA မှတစ်ဆင့် ချေးယူသည့် ကျပ်ငါးဘီလျံအနက် ကျပ်သိန်း ၄၀၀၀၀ ကျော်ကို အသေးစား အလတ်စား SMEs လုပ်ငန်းရှင် ၁၁ ဦးအား ထုတ်ချေးထားကြောင်း အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ယင်းသို့ ထုတ်ချေးရာတွင် JICA မှ အစိုးရဘဏ်၊ အစိုးရဘဏ်မှ တစ်ဆင့် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ ယင်းမှတစ်ဆင့် လုပ်ငန်းရှင်များထံသို့ ချေးပေးခြင်းဖြစ်ပြီး ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့မှ လုပ်ငန်းရှင် ၁၁ ဦးအား ကျပ်သိန်း ၄၈၀၀၀ ကျော် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရသည်။
“JICA ကပေးတဲ့ချေးငွေကို ဖေဖော်ဝါရီ ၃ ရက်ကနေ စတင်ချေးပေးတာ ဖြစ်ပါတယ်။ သူတို့က လုပ်ငန်းရှင်တွေကို ငွေချေးပြီးရင်လည်း တကယ်လုပ်မလုပ်ကို နှစ်လတစ်ခါဖြစ်စေ၊ တစ်လတစ်ခါဖြစ်စေ လိုက် စစ်မှာ။ အလုပ်မလုပ်ဘဲ ချေးထားတယ်ဆိုရင် ချက်ချင်းပြန်ဆပ်ရမယ်။ တကယ် အလုပ်တိုးချဲ့တဲ့ သူတွေအတွက် တကယ်ကောင်းမွန်ပါတယ်” ဟု အသေးစား အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်(SMIDB) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ချေးငွေချေးယူရာတွင် အစိုးရမှ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်သို့ လေးရာခိုင်နှုန်း၊ ဘဏ်မှ လုပ်ငန်းရှင်များသို့ အတိုးနှုန်း ရှစ်ရာခိုင်နှုန်းဖြင့် ပြန်လည်ချေးပေးခြင်း ဖြစ်သည်။ချေးယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင် ထားခြင်းရှိရန် လိုအပ်ပြီး လုပ်ငန်းလိုင်စင် သက်တမ်းတိုးထားရန် လိုအပ်ကြောင်း သိရသည်။
အသေးစားအလတ်စား လုပ်ငန်းများအား ချေးငွေချေးရာတွင် စည်းကမ်းချက်များ သတ်မှတ်ထားကာ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများကို လုပ်ဆောင်ရမည့်အပြင် Business Plan ကောင်းကောင်းပြနိုင်သည့် လုပ်ငန်းရှင်များကို ရွေးချယ်ချေးပေးကြောင်း သိရသည်။ အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ငွေကြေးအရင်းအနှီးရရှိမှု၊ နည်းပညာလိုအပ်မှုနှင့် ဈေးကွက်ရရှိရန်တို့မှာ အဓိက လိုအပ်ချက် ဖြစ်နေသည်။
JICA မှတစ်ဆင့် ချေးယူသည့် ကျပ်ငါးဘီလျံအနက် ကျပ်သိန်း ၄၀၀၀၀ ကျော်ကို SMEs လုပ်ငန်းရှင် ၁၁ ဦးအား ထုတ်ချေး















