မူဆယ်ခေတ်မီ မြို့ပတ်ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေးဇုန်စီမံကိန်း လမ်းမကြီးနှင့် ဆိုင်ခန်းပေါင်း ၁၉၂ ခန်းပါဝင်သည့် မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးကို ဇန်နဝါ ရီ ၁၉ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ်းနားလမ်းမှာ အရှည်ပေ ၂၃၉၆၈ ရှည်လျားပြီး မင်္ဂလာမူဆယ်လမ်း လျှောက်ဈေးမှာ မူဆယ်မြို့ ကမ်းနားလမ်း နှင့်ချစ်ကြည်ရေးလမ်းထောင့်ရှိ မူဆယ်ဗဟို စီးပွားရေးဇုန် စီမံကိန်းတွင်ရှိပြီး အထပ်သုံးထပ်ရှိကာ ဆိုင်ခန်းပေါင်း ၁၉၂ ခန်းရှိကြောင်း သိရသည်။
မူဆယ်ခေတ်မီမြို့ပတ်ကမ်းနားလမ်း နှင့်ဗဟိုစီးပွားရေးဇုန် စီမံကိန်းလမ်းမကြီးကို နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး မူဆယ်စီးပွားရေးဇုန်စီမံကိန်း၏ မင်္ဂလာလမ်းလျှောက်ဈေးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒေသန္တရ ဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလိုဖွင့်နိုင်တာ ကောင်းပါတယ်။လက်ရှိမှာ တရုတ်နဲ့ကုန်သွယ်မှု အများဆုံး လုပ်နေတာ။ ဆန်စပါးဆိုရင် ပြည်ပတင်ပို့မှုရဲ့ ရာခိုင်နှုန်း ၈၀ နဲ့ ရာခိုင်နှုန်း ၉၀ လောက်က တရုတ်ကိုပို့နေတာ။ အခုလို နိုင်ငံတကာ အဆင့်မီ ကုန်သွယ်ရေးဇုန် ရှိတဲ့အတွက် ဝယ်လက်တွေက ကိုယ့်ဆီလာပြီး ဝယ်ကြမှာ ဖြစ်တဲ့အတွက် ရောင်းတဲ့ ကုန်သည်တွေလည်း နစ်နာမှုတွေကို အကာအကွယ် ဖြစ်နိုင်တာပေါ့။ သူများဆီကို သွားရောင်းတဲ့ အခါကျတော့ ဈေးနှိမ်ခံရတာရှိတယ်။ ငွေလိမ်သွား တာရှိတယ်။ အကြောင်းအမျိုးမျိုးပေါ့" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ (၂) ဦးစိုးထွန်းက ပြောကြားသည်။
“လမ်းဖွင့်ပွဲနှင့်ဈေးဖွင့်ပွဲကို ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။ ဈေးဆိုင်ခန်းတွေကို မူဆယ်၊ ရန်ကုန်နှင့် မန္တလေးက ကုန်သည်တွေ လာရောက်ဝယ်ယူထားမှုရှိပြီး အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးနေပါတယ်။ ကုမ္ပဏီနဲ့ချိတ်ဆက်ပြီး ဝယ်ယူနိုင်သလို ဧရာဝတီဘဏ်နဲ့လည်း ချိတ်ဆက်ပြီး ဝယ်ယူနိုင်ပါတယ်။ အခုလောလောဆယ်မှာတော့ အရောင်းကိုပဲ ဦးစားပေးနေပြီးတော့ ငှားရမ်းချင်တဲ့သူတွေ အတွက်လည်း ငှားရမ်းမှု ပြုလုပ်မှာပါ” ဟု နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီမှ Marketing Sales Executive တာဝန်ခံ ကိုအောင်သန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်နိုင်ရန် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခု ရှိသည့်အနက် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သည်များ တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
မူဆယ်ခေတ်မီမြို့ပတ် ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေးဇုန် စီမံကိန်းလမ်းမကြီးနှင့် ဆိုင်ခန်းပေါင်း ၁၉၂ ခန်းပါဝင်သည့် မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး စတင်ဖွင့်လှစ်










