မိတ္ထီလာမြို့ပေါက်ချောင်းရပ်ကွက် မြို့နယ် အားကစားကွင်း လမ်းမတွင် ရက်သားကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်မှု ဖြစ်ပွား

မိတ္ထီလာမြို့ပေါက်ချောင်းရပ်ကွက် မြို့နယ် အားကစားကွင်း လမ်းမတွင် ရက်သားကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်မှု ဖြစ်ပွား
Published 14 January 2016
ဝဏ္ဏ

မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်  မြို့နယ်အားကစားကွင်း လမ်းမပေါ်တွင် ရက်သားကလေးငယ် တစ်ဦးအား ဇန်နဝါရီ ၁၂ ရက်က လာရောက်စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့က နေ့ခင်းပိုင်းက ကျွန်တော့် ရေဆေး ဆီလိုက်ဆိုင်နား တမာပင်ရှေ့မှာ စွန့်ထားတာ တွေ့လို့ စောင့်ရှောက်ထားတယ်၊ ဘယ်သူမှ ခေါ်မယ့်လူမရှိလို့ ကျွန်တော့်အစ်မကို စောင့်ရှောက်ခိုင်းထားတယ်။ ခုတော့ မွေးစားချင်လို့ ဟိုလူက လာတောင်း ဒီလူက လာတောင်း တော့ရှိတယ်။ ခုစောင့်ရှောက်နေတဲ့ ကျွန်တော့်အစ်မကလည်း သံယောဇဉ်ဖြစ် ပြီး သူပဲဆက်မွေးမယ် ပြောနေတယ်။ အသက်အရွယ်က လေးငါးရက်လောက်ပဲ ရှိမယ်လို့ ခန့်မှန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တမာပင်အောက်မှာ အဘွားကြီးတစ်ယောက်နဲ့ ကလေးအမေ တစ်ယောက် ထိုင်နေတုန်းက အိမ်နီးနားချင်း အဒေါ်ကြီးက စကားပြောတော့ ကလေးမွေးတာ ခြောက်ရက်ပဲ ရှိသေးတယ်။ ပိုက်ဆံကုန်တယ်နဲ့ ပြောသွားသေးတယ်။ အဲဒီနှစ်ယောက် ပြန်သွားတော့မှ အဲဒီနေရာမှာ ကလေးတွေ့တာ။ ကျွန်တော့်နေရာက ဆေးရုံကြီးနဲ့လည်း နီးတယ်။ အခြားဆေးရုံတွေနဲ့လည်း နီးတယ်။ ကလေးက မိန်းကလေးပါ”ဟု ကလေးအား တွေ့ရှိခဲ့သူ ကိုမြင့်စန်းက ပြောကြားသည်။               

Most Read

Most Recent