ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ နောင်ချိုမြို့အဝင်တွင် ယခင်က Mobile Team စစ်ဆေးရေးဂိတ် ထားရှိသော်လည်း ဇန်နဝါရီလမှ စတင်ကာ Mobile Team ထားရှိခြင်း မပြုတော့သည့်အတွက် တရားမဝင်သစ် သယ်ဆောင်မှုများရှိနေရာ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက သီပေါမြို့အဝင် အေးရှားဝေါလ်တိုးဂိတ်တွင် တရားမဝင် တင်ဆောင်လာသော ပိတောက်သစ်ခွဲသားများအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း တရုတ်သို့ တရားမဝင် သစ်ခိုးထုတ်နေမှုများအား သစ်တောဦးစီးဌာနမှ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ် စက်တင်ဘာမှ ဒီဇင်ဘာလအထိ မိုးမိတ်၊ မဘိမ်းမြို့နယ်အတွင်းမှ ဖမ်းဆီးရမိသည့် သစ်တန်ချိန်ပေါင်းမှာ တန်ချိန် ၁၇၀၀ ခန့်ထိ ရှိနေကြောင်း သိရသည်။
“ဖမ်းဆီးရမိတဲ့ သစ်အမျိုးအစားက ကျွန်းအဓိက ဖမ်းမိတယ်။ ဒုတိယကတော့ တမလန်းသစ်တွေ ဖမ်းမိတာပေါ့။ ဇန်နဝါရီလကစပြီး Mobile Team ဂိတ်တွေမရှိတော့ မန္တလေး-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်မှာရှိတဲ့ အေးရှားဝေါလ်တိုးဂိတ်တွေမှာ သစ်တောဝန်ထမ်းတွေကို အလှည့်ကျ တာဝန်ချထားပြီးတော့ ရွေ့လျားစနစ်နဲ့ အခြေပြုဆောင်ရွက်နေပါတယ်”ဟု ကျောက်မဲခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဦးက ဆိုသည်။
“ကျွန်တော်တို့ သစ်တောနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ အေးရှားဝေါလ်တိုးဂိတ်မှာ စစ်ဆေးနေတဲ့အချိန် မန္တလေးဘက်ကနေ မောင်းလာတဲ့ ၁၂ ဘီးကားပေါ်ကနေ ပိတောက်တုံး ၄၆ တုံး၊ တန်အားဖြင့် ၂ ဒသမ ၇၂၈ တန် ဖမ်းမိတာပါ”ဟု သီပေါ မြို့သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။
အဆိုပါသစ်များအား သီပေါမြို့အဝင် အေးရှားဝေါလ်တိုးဂိတ်တွင် သစ်တောဝန်ထမ်းများမှ ၁၂ ဘီးယာဉ်တစ်စီးအား ရပ်တန့် ရှာဖွေရာမှ ဖိုင်ဘာပုံးခွံများ အောက်တွင် တရားမဝင် ပိတောက်သစ်ခွဲသားများ သိုဝှက် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင် သစ်ခိုးထုတ်မှုများအား မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရွေ့လျားစနစ်ဖြင့် ဖမ်းဆီး















