Pillar of Truth အာမခံကုမ္ပဏီမှာ မ,တည်ရင်းနှီးငွေ ပေးသွင်းရန် ကျန်ရှိပြီး မပေးသွင်းနိုင်ပါက လုပ်ကိုင်ခွင့် ပယ်ဖျက်မည်

Pillar of Truth အာမခံကုမ္ပဏီမှာ မ,တည်ရင်းနှီးငွေ ပေးသွင်းရန် ကျန်ရှိပြီး မပေးသွင်းနိုင်ပါက လုပ်ကိုင်ခွင့် ပယ်ဖျက်မည်
Published 7 January 2016
အေးမြတ်မွန်၊ သက်ထား

ပါရမီစွမ်းအင်အုပ်စုဝင် Pillar of Truth အာမခံကုမ္ပဏီမှာ ထည့်သွင်းရမည့် မ,တည် ရင်းနှီးငွေ ကျပ်သန်း ၆၀၀၀ အနက်  သန်း ၅၀၀ ကိုသာ ပေးသွင်းထားသေးသဖြင့်  ကျန် မ,တည် ရင်းနှီးငွေကို ဆက်လက်မပေး သွင်းနိုင်ပါက လုပ်ငန်းလုပ်ကိုင်ခွင့်ကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ၂၀၁၆ ဒီဇင်ဘာ ၇ ရက်တွင် သိရသည်။
အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ၂၀၁၃ ခုနှစ်တွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၂ ခုကို ခွင့်ပြုခဲ့ပြီး အချိန်ကာလ နှစ်နှစ်ကျော်ကြာသည်အထိ Pillar of Truth ကုမ္ပဏီမှာ မ,တည်ရင်းနှီးငွေ ထည့်ဝင်ခြင်း မရှိကြောင်း သိရသည်။
“Pillar of Truth ကုမ္ပဏီက ကျပ်သန်း ၅၀၀ ပေးသွင်းပြီး ဖြစ်တယ်။ သူက အသက်အာမခံ လုပ်ဖို့ ကျပ်သန်း ၆၀၀၀ သွင်းရမှာကို သန်း ၅၅၀၀ ပေးသွင်းဖို့ ကျန်တဲ့အတွက်  သူတို့ကို ခေါ်တွေ့မယ်။ သူတို့ရဲ့အကြောင်းပြချက်ကို အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က လက်ခံလို့ ရ မရ ဆုံးဖြတ်မယ်။ တကယ်လို့ မရဘူးဆိုရင် အရင်က လုပ်ငန်းလိုင်စင် လျှောက်ထားဖူးတဲ့ ကုမ္ပဏီတွေကို ပြန်မေးပြီး လုပ်ငန်းလုပ်ချင်တယ်ဆိုရင် ခွင့်ပြုမယ်။ ဒါမှမဟုတ် ပွင့်လင်းမြင်သာစွာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ငန်းလုပ်ချင်သူတွေကို ပြန်ခေါ်မယ်။ အဲဒီ နှစ်နည်းထဲက တစ်ခုခုနဲ့ လိုင်စင်ထပ်ခေါ်သွားမယ်”ဟု မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent