မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ ဂုတ်တွင်းလမ်းနှင့် ကွတ်ခိုင်အနီးတွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ ဂုတ်တွင်းလမ်းနှင့် ကွတ်ခိုင်အနီးတွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့
Published 5 January 2016

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းနှင့် ကွတ်ခိုင်မြို့အလွန် ရှုခင်းသာတို့တွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကားလမ်းပိတ်ဆို့မှုများကြောင့် မူဆယ်နှင့် မန္တလေးမြို့များသို့ ကုန်စည်ကူးသန်းနေသော ယာဉ်ကြီးယာဉ်ငယ်များ ၊ ခရီးသည်တင်ယာဉ်များ အချိန်အနည်းငယ်ကြာ ရပ်တန့် စောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။

“ဂုတ်တွင်းမှာ ဒီနေ့ မနက် (၅) နာရီလောက်က ၂၂ ဘီ်းတွဲကားတစ်စီး နတ်စင်ကွေ့နားမှာ ပျက်နေလို့ လမ်းပိတ်သွားတာပါ။ အခုတော့ ယာဉ်ငယ်လေးတွေ စပြီးလွှတ်နေပါပြီ။” ဟု ကျောက်မဲမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ ကွတ်ခိုင်မြို့ နှင့် နမ့်ဖတ်ကာကြား မူဆယ်သို့သွားရာ ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင်လည်း ဇန်နဝါရီလ ၅ ရက်နေ့ နံနက် (၂) နာရီ အချိန်ခန့်က ပြောင်းများ တင်ဆောင်လာသော ၂၂ ဘီးတွဲကားယာဉ် နောက်တွဲပြုတ်ထွက်မှုကြောင့် လမ်းကြောင်း ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကာ မူဆယ်နှင့် လားရှိုး၊မန္တလေးသို့ သွားရောက်ကြမည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အချိန်အတန်ကြာ စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

Most Read

Most Recent