တရားမဝင် နည်းလမ်းများမှ ရရှိသော ငွေမည်းများကို ငွေဖြူဖြစ်အောင် ပြုလုပ်နိုင်သည့် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိသော်လည်း ဝင်ငွေခွန် ကောက်ခံခြင်းကို ပယ်ဖျက်သင့်ကြောင်း ၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ပြောကြား

တရားမဝင် နည်းလမ်းများမှ ရရှိသော ငွေမည်းများကို ငွေဖြူဖြစ်အောင် ပြုလုပ်နိုင်သည့် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိသော်လည်း ဝင်ငွေခွန် ကောက်ခံခြင်းကို ပယ်ဖျက်သင့်ကြောင်း ၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ပြောကြား
Published 30 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

တရားမဝင် နည်းလမ်းများမှ ရရှိသော ငွေမည်းများကို ငွေဖြူဖြစ်အောင် ပြုလုပ်နိုင်သည့် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိသော်လည်း ဝင်ငွေခွန် ကောက်ခံခြင်းကို ပယ်ဖျက်သင့်ကြောင်း ၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်တွင် ဒီဇင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “ဒီဥပဒေမှာ အရေးကြီးတဲ့ အပိုဒ် ၂၄ က ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိတဲ့ ကိစ္စရပ်တွေမှာ အခွန်ကောက်ခံဖို့ ဖြစ်ပါတယ်။ ဒီဟာကို ဘက်စုံထောင့်စုံက စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းမှာတော့ ဒီဟာက ငွေဖြူငွေမည်း ခဝါချတာနဲ့ သက်ဆိုင်ခြင်း မရှိစေရဘူးလို့ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေမှာ ထည့်သွင်းထားပေမယ့် ဒီအချက်ကို ထည့်သွင်းဖို့ သင့်မသင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ ပြန်စဉ်းစားသင့်ပါတယ်။ အလေးအနက် ပြန်သုံးသပ်သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ငွေမည်းကို ငွေဖြူဖြစ်အောင် ခဝါချတဲ့ လုပ်ငန်းရပ်အဖြစ် ပံ့ပိုးနေတဲ့ နည်းလမ်းဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ အနေနဲ့ ပြန်လည် သုံးသပ်သင့်ကြောင်း တင်ပြလိုပါတယ်။ အပိုဒ် ၂၄ အား ထည့်သွင်းပြဋ္ဌာန်းရန် သင့်မသင့် အလေးအနက်ထား ပြန်စဉ်းစားသင့်ပါတယ်” ဟု အစီရင်ခံစာ တင်သွင်းစဉ် ပြောကြားသည်။ဆက်လက်၍ “ဝင်ငွေရလမ်း မဖော်ပြနိုင်တာကို အခွန်ကောက်ဖို့ ပြဋ္ဌာန်းဖို့ မသင့်ကြောင်းကို လွှတ်တော်ထဲမှာ တင်ပြခဲ့ပါတယ်။ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေကြေးတွေကို သိန်း ၁၀၀၀ ကို သုံးရာခိုင်နှုန်းပဲ ကောက်ဖို့ဆိုတာက အင်မတန် နည်းပါးပါးတယ်။ ရာခိုင်နှုန်း ၅၀ လောက်ဆိုရင်တောင် မဆိုးဘူး ပြောရမှာ။ ဒါပေမဲ့လည်း အခွန်ဆောင်ချင်တဲ့သူက နည်းတယ်။ အမှန်အတိုင်း သုံးသပ်ရရင်တော့ အဲဒီ အပိုဒ်ဖြစ်တဲ့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ တရားမဝင် ငွေကြေးတွေကို အခွန်ကောက်ခံမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရမှာပါ။ ကိုယ်စားလှယ်တွေကလည်း ဒီအချက်ကို ဆွေးနွေးကြဦးမှာပါ” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။ထို့ပြင် ဥပဒေကြမ်း၏ အပိုဒ် ၂၇ အပိုဒ်ခွဲ (ခ) တွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပါဝင်လုပ်ကိုင်သော ကုမ္ပဏီမှအပ ဖြစ်သည့် ပုဂ္ဂိုလ်စုများ သို့မဟုတ် တစ်ဦးချင်းပုဂ္ဂိုလ် ဖြစ်ပါက မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ၁၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။ ပြည်ပနေ နိုင်ငံခြားသား ဖြစ်ပါက ကျသင့်အခွန်ကို ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်ဟု ပြင်ဆင်သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသည့် တရားမဝင် ငွေကြေးများအား အခွန်စည်းကြပ်ရာတွင် ဝင်ငွေတစ်ကျပ်မှ ကျပ် ၁၀၀,၀၀၀,၀၀၀ အထိ သုံးရာခိုင်နှုန်း၊ ကျပ် ၁၀၀,၀၀၀,၀၀၁ မှ ကျပ် ၅၀၀,၀၀၀,၀၀၀ အထိ ငါးရာခိုင်နှုန်း၊ ကျပ် ၅၀၀,၀၀၀,၀၀၁ မှ ၁,၀၀၀,၀၀၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁,၀၀၀,၀၀၀,၀၀၁ မှ ၁၅၀၀,၀၀၀,၀၀၀ အထိ ရာခိုင်နှုန်း ၂၀၊ ကျပ် ၁၅၀၀,၀၀၀,၀၀၁ နှင့်အထက်အား ရာခိုင်နှုန်း ၃၀ သတ်မှတ်ကောက်ခံရမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။ဥပဒေကြမ်း၏ အပိုဒ် ၁၁ အပိုဒ်ခွဲ (က)တွင် အထူးကုန်စည် အမျိုးအစားများဖြစ်သည့် ကျွန်းနှင့် သစ်မာသစ်လုံးများ၊ ၁၀ လက်မပတ်လည်နှင့်အထက် ကျွန်းနှင့်သစ်မာ သစ်ခွဲသားများအား အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံသင့်ကြောင်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။မြန်မာနိုင်ငံ၏ လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကင်းလွတ်ခွင့်ပြုထားသည့် ကုန်စည်များတွင် လေယာဉ်၊ ရဟတ်ယာဉ်သုံးစက်၊ စက်ကိရိယာ၊ ပစ္စည်းကိရိယာနှင့် ယင်းတို့၏ အရန်နှင့် အပိုပစ္စည်းများအား အခွန်စည်းကြပ်မှု ကင်းလွတ်ခွင့်ပြုသင့်ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။       

Most Read

Most Recent