ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အစိုးရ၏ လက်ကျန်ကာလ အချိန်တိုအတွင်း အလျင်စလို လုပ်ကိုင်နေကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပြီးမှသာ နယ်နိမိတ် သတ်မှတ်ပေးရေးကို ဆောင်ရွက်ပေးသင့်ကြောင်း ရခိုင်ကိုယ်စားလှယ်များ အပါအဝင် ပြည်ထောင်စု လွှတ်တော် ကိုယ်

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အစိုးရ၏ လက်ကျန်ကာလ အချိန်တိုအတွင်း အလျင်စလို လုပ်ကိုင်နေကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပြီးမှသာ နယ်နိမိတ် သတ်မှတ်ပေးရေးကို ဆောင်ရွက်ပေးသင့်ကြောင်း ရခိုင်ကိုယ်စားလှယ်များ အပါအဝင် ပြည်ထောင်စု လွှတ်တော် ကိုယ်
Published 28 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အစိုးရ၏ လက်ကျန်ကာလ အချိန်တိုအတွင်း အလျင်စလို လုပ်ကိုင်နေကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပြီးမှသာ နယ်နိမိတ် သတ်မှတ်ပေးရေးကို ဆောင်ရွက်ပေးသင့်ကြောင်းရခိုင်ကိုယ်စားလှယ်များ အပါအဝင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အစိုးရ၏ လက်ကျန်ကာလ အချိန်တိုအတွင်း အလျင်စလို လုပ်ကိုင်နေကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပြီးမှသာ နယ်နိမိတ် သတ်မှတ်ရေးကို ဆောင်ရွက်ပေးသင့်ကြောင်း  လွှတ်တော် ကိုယ်စားလှယ်များက ဒီဇင်ဘာ ၂၈ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။နိုင်ငံတော် သမ္မတက ပေးပို့သော ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေး ကိစ္စနှင့် ပတ်သက်၍ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်းက လွှတ်တော်၌ ရှင်းလင်းပြီးနောက် ကိုယ်စားလှယ်များက ထိုသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ရခိုင်ပြည်နယ်တွင် ယခင်စီမံကိန်းများကြောင့် မြေသိမ်းခံရမှုများ အပါအဝင် ဒေသခံများ ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ချောင်း၊ မြောင်းများ ပျောက်ကွယ်သွားမည်ကို ဒေသခံများ အနေဖြင့် စိုးရိမ်ကြောင့်ကြနေရကြောင်း၊ ရခိုင်ပြည်နယ်သည် ထိလွယ်ရှလွယ်သော ဒေသဖြစ်ပြီး ယခင် မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းနှင့် ဓာတ်ငွေ့လိုင်း သွယ်တန်းသည့် အချိန်တွင် ပွင့်လင်းမြင်သာမှု မရှိခဲ့သဖြင့် ဒေသခံများနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် သာဓကများ ရှိကြောင်း၊ ထို့ကြောင့် ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့် ပတ်သက်၍ နစ်နာမှုများအတွက် မည်သို့ပေးဆောင်မည်၊ ပြည်သူလူထုအတွက် ဖွံ့ဖြိုးရေး၊ ရေတိုရေရှည် ပြုလုပ်ပေးမည့် ကိစ္စရပ်များကို ဒေသခံပြည်သူများ  နားလည်ကျေနပ်အောင် ပွင့်လင်းမြင်သာစွာ ချမှတ်ပြီး ဆောင်ရွက်ပေးသင့်ကြောင်း ကိုယ်စားလှယ်များက  ဆွေးနွေးခဲ့ကြသည်။ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်မည့် ဒေသသည် တိုင်းရင်းသား ဒေသတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် Power Sharing၊ Resource Sharing၊ Tax Sharing ဆိုသည်ကိုလည်း  ထည့်သွင်း စဉ်းစားသင့်သည့် အချိန်ကာလ ဖြစ်ကြောင်း၊ လက်ရှိတွင် အထူး စီးပွားရေးဇုန်နှင့် ပတ်သက်၍ ကျောက်ဖြူ  မြို့ခံများ အနေဖြင့် သိရှိနားလည်မှု မရှိသေးကြောင်း၊ ဥပဒေအရ မြေနေရာပင် မသတ်မှတ်ရသေးခင် Developer ကုမ္ပဏီများက ငွေပေးကာ လိုက်လံ စည်းရုံးခြင်းများ လုပ်ဆောင်နေကြောင်း ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က ပြောကြားသည်။“အခု ကြုံတွေ့နေရတာတွေက မြေနေရာတွေတောင် မသတ်မှတ်ရသေးဘူး။ ဥပဒေအရ တည်ထောင်ခြင်း မပြုရသေးဘူး။ ဘာကြောင့် Developer၊ Investor ကိစ္စတွေကို အရေးတကြီး ပြောနေတာလဲ။ ဘာကြောင့် မြေယာတွေ အသိမ်းခံရမယ့် ဒေသတွေကို၊ ဘယ်နေရာတွေကို သိမ်းမယ် တိတိကျကျ မပြောသေးဘူး။ ဘာကြောင့် ပါဝင်ကြမယ့် လုပ်ဖော်ကိုင်ဖက်တွေကို လုပ်ငန်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း မပြောတာလဲ၊ သံသယတွေ စိုးရိမ်ပူပန်နေကြတယ်။ အခုလို အစိုးရသက်တမ်း တိုတောင်းလာတဲ့ အချိန်ကာလ သုံးလလောက်ပဲ ရှိတော့တဲ့ ကာလမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းကြီး တစ်ခုကို အလျင်စလို လုပ်နေတယ်လို့လည်း ရှုမြင်ကြပါတယ်။ ဒါကြောင့် ပြည်သူလူထု သဘောထားကို အခြေခံခြင်း၊ အားလုံး ပါဝင်နိုင်သည့် နည်းလမ်းကို အသုံးပြုခြင်း၊ ပွင့်လင်း မြင်သာသည့် နည်းလမ်းများကို အသုံးပြုခြင်းတို့ကို ဦးစွာ ထင်သာမြင်သာရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနဲ့ ဒီကိစ္စတွေကို ထင်သာ မြင်သာရှိအောင် လုပ်ဆောင်ပြီးမှသာ လွှတ်တော်က အတည်ပြုပေးဖို့ တင်ပြတောင်းဆိုလို့  တောင်းခံထားတဲ့ နယ်နိမိတ် သတ်မှတ်ရေးတို့ကို ဆောင်ရွက်ပေးသင့်ပါတယ်လို့ ပြည်သူတွေရဲ့အသံကို ဆွေးနွေးပါတယ်” ဟု ဦးဘရှိန်က ဆွေးနွေးခဲ့သည်။ထို့အတူ ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက စီမံကိန်း ရင်းနှီးမြှုပ်နံှမှုတွင် မြန်မာနိုင်ငံဘက်မှ အနည်းဆုံး ၅၁ ရာခိုင်နှုန်း ပါဝင်နိုင်ရန် ဆောင်ရွက်ပေးသင့်ကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံများ ထောက်ခံ သဘောတူညီမှုကို ရယူသင့်ကြောင်း၊ ရေရှည် စီးပွားရေးအရ နိုင်ငံတော်နှင့် နိုင်ငံသားများမှ ရှယ်ယာ အများစုကို ပိုင်ဆိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း၊ ရေနက်ဆိပ်ကမ်း၏ စီးပွားရေး ဝင်ငွေမှ သင့်တော်သည့် အတိုင်းအတာ တစ်ခုအထိ ရခိုင်ပြည်နယ် အစိုးရအား ဆောင်ရွက်ပေးသင့်ကြောင်း ဆွေးနွေးခဲ့သည်။ယခု စီမံကိန်းသည် ကောင်းကျိုးဆိုးကျိုး ကြီးမားသည့် အိမ်နီးချင်းနိုင်ငံနှင့် ဆက်စပ်နေသည့်အတွက် ပြန်ဖျက်သိမ်းရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် နောင်မှမကြိုက်၍ ပြန်ဖျက်မည့်အစား လက်ရှိတွင် အကောင်းဆုံးဖြစ်အောင် ဆွေးနွေးရန် လိုအပ်ကြောင်း၊ လွှတ်တော် အနေဖြင့် ဖျက်သိမ်းခဲ့သည့်အတွက် နိုင်ငံတော် အနေဖြင့် သက်သာခဲ့သည့် သာဓကများ ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အနေဖြင့် နိုင်ငံသားများ၏ အကျိုးအတွက် လွှတ်တော် ကိုယ်စားလှယ်များက ဦးနှောက်ဖြင့် စဉ်းစားဆုံးဖြတ်နိုင်ပါစေကြောင်း အကြံပြုပါသည်ဟု သာပေါင်း မဲဆန္ဒနယ်မှ ဦးဝင်းသန်းက ဆွေးနွေးခဲ့သည်။