မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် မြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ၂၂၁၅ သန်းကျော်ရှိပြီး လိုင်စင်ရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၃၂ လုံးအထိရှိလာ

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် မြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ၂၂၁၅ သန်းကျော်ရှိပြီး လိုင်စင်ရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၃၂ လုံးအထိရှိလာ
Published 28 December 2015

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် မြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၂၂၁၅ သန်းကျော်ရှိပြီး လိုင်စင်ရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် အလုံးရေ ၃၂ လုံးထိ ရှိလာကြောင်း သိရသည်။ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု စာရင်းများအရ ၂၀၁၅ ခုနှစ် နိုဝင်ဘာကုန်အထိ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ဒေါ်လာ ၂၂၁၅ ဒသမ ၈ သန်းကို မြှုပ်နှံခွင့် ပြုထားကြောင်း သိရသည်။ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ လိုင်စင်ရ ဟိုတယ် စာရင်းများအရမူ တစ်နိုင်ငံလုံးရှိ လိုင်စင်ရ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု ဟိုတယ် အလုံးရေ စုစုပေါင်းမှာ ၃၂ လုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၄၅၆၇ ခန်းဖြစ်ကြောင်း သိရသည်။အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များကို ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကော့သောင်း၊ တာချီလိတ်နှင့် မြိတ်ဒေသတို့တွင် ဖွင့်လှစ်ခွင့် ပြုထားခြင်းဖြစ်ပြီး ဒေသအလိုက် ဖွင့်လှစ်ခွင့်ပြုထားသည့် ဟိုတယ် အလုံးရေနှင့် အသုံးပြုနိုင်သည့် အခန်းအရေအတွက် အသီးသီးမှာ ရန်ကုန်တွင် ၂၁ လုံးရှိကာ အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၃၁၉၇ ခန်း၊ မန္တလေးတွင် လေးလုံးရှိကာ အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၆၆၁ ခန်း၊ ပုဂံတွင် တစ်လုံးရှိကာ အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၁၂၇ ခန်း၊ ကော့သောင်းတွင် နှစ်လုံးရှိကာ အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၂၅၂ ခန်း၊ တာချီလိတ်တွင် သုံးလုံးရှိကာ အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၂၉၀ ခန်းနှင့် မြိတ်တွင် တစ်လုံးရှိကာ အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၄၀ ခန်း ဖြစ်သည်။အဆိုပါ လိုင်စင်ရ ဟိုတယ်များအနက် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် အလုံးရေမှာ ၂၇ ဖြစ်ပြီး ဖက်စပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် အလုံးရေမှာ ငါးလုံး ပါဝင်ကြောင်း သိရသည်။ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုပေးထားသည့် နိုင်ငံခြားမြှုပ်နှံမှု ဟိုတယ်များ ရှိသကဲ့သို့ ခရီးသွား လှည့်လည်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံခြား ကုမ္ပဏီ တစ်ခုရှိပြီး နိုင်ငံခြားနှင့် နိုင်ငံသားပိုင် ကုမ္ပဏီ ၃၁ ခုရှိကြောင်း သိရသည်။

Most Read

Most Recent