လက်ရှိ ဘဏ္ဍာနှစ် သုံးလအတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ကျပ် ၂၆၉ ဘီလျံကျော်ရှိပြီး ဟိုတယ်ခရီးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းတို့တွင် မြှုပ်နှံမှု အများဆုံး ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ၊ မေနှင့် ဇွန် သုံးလအတွင်း ဝင်ရောက် မြှုပ်နှံမှုပမာဏဖြစ်ပြီး လုပ်ငန်းပေါင်း ၂၀ ရှိပြီး ကဏ္ဍအားဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စက်မှုဇုန် ကဏ္ဍတို့တွင် မြှုပ်နှံမှု ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။ကဏ္ဍအလိုက် ဝင်ရောက်မြှုပ်နှံမှု ပမာဏများမှာ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ကျပ်သန်းပေါင်း ၂၇၂၆၉၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ်သန်းပေါင်း ၇၆၆၃၉ ဒသမ ၆၆၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကဏ္ဍတွင် ကျပ်သန်းပေါင်း ၇၁၁၉၄ ဒသမ ၂၂၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ကျပ်သန်းပေါင်း ၈၉၄၃၁ ဒသမ ၇၃ နှင့် စက်မှုဇုန်ကဏ္ဍတွင် ကျပ်သန်းပေါင်း ၅၃၃၅ ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံသား လုပ်ငန်းရှင်များအား မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက် ပျိုးရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ဝင်ရောက် မြှုပ်နှံခွင့်ပြုထားကြောင်း သိရသည်။“ဟိုတယ်ခရီးနဲ့ ကုန်ထုတ် လုပ်ငန်းလိုမျိုး နိုင်ငံသားတွေရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ရနိုင်တဲ့ ကဏ္ဍတွေမှာ မြှုပ်နှံမှုများတာ ကောင်းတာပေါ့။ အခုဆိုရင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုက ကဏ္ဍအလိုက် မျှနေတယ်။ ကဏ္ဍတစ်ခုတည်းမှာပဲ အများကြီးပြုံပြီး မြှုပ်နှံတာမျိုး မဟုတ်ဘူး။ ကုန်ထုတ်လုပ်ငန်းလို့ဆိုတဲ့ နေရာမှာလည်း အရင်တုန်းကတော့ အထည်ချုပ် လုပ်ငန်းတွေမှာ မြှုပ်နှံတာ များတယ်။ အခုတော့ အထူးစီးပွားရေးဇုန်တွေ ပေါ်လာပြီ။ ဖက်စပ်မြှုပ်နှံတာတွေလည်း ရှိလာပြီဆိုတော့ ကိုယ့်နိုင်ငံသားတွေ နည်းပညာ ရနိုင်မယ့် ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်လာနိုင်ပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးမြင့်က ဆိုသည်။နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ရာတွင် စွမ်းအင်ကဏ္ဍမှအပ ကျန်လုပ်ငန်း ကဏ္ဍများတွင် ဝင်ရောက်မြှုပ်နံှမှု ပြုလုပ်ခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၁၂၀၆၉၂၁ ဒသမ ၉၇ သန်း (ကျပ် ၁၂၀၆ ဘီလျံကျော်) ရှိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ဘဏ္ဍာနှစ် သုံးလအတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ကျပ် ၂၆၉ ဘီလျံကျော်ရှိပြီး ဟိုတယ်ခရီး လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းတို့တွင် မြှုပ်နှံမှု အများဆုံးဖြစ်










