အစိုးရအနေဖြင့် လွှတ်တော်၌ ကတိဖြစ်ပေါ်ခဲ့သောလုပ်ငန်းများသည် နှစ်ရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ခြင်း၊ ဘတ်ဂျက်ရရှိရန် တင်ပြတောင်းခံသော်လည်း ရန်ပုံငွေ မရရှိခြင်းကြောင့် ဆောင်ရွက်ပေးနိုင်မှု မရှိသည်ကို စိစစ် တွေ့ရှိရကြောင်း လွှတ်တော်ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ
အစိုးရအနေဖြင့် လွှတ်တော်တွင် ကတိဖြစ်ပေါ်ခဲ့သော လုပ်ငန်းများသည် နှစ်ရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရမည့် Procedure များပြားနေ၍ သတ်မှတ်ကာလအတွင်း မပြီးစီးနိုင်ခြင်း၊ ဘတ်ဂျက်ရရှိရန် တင်ပြတောင်းခံခဲ့သော်လည်း ရန်ပုံငွေ ခွဲေ၀ မရရှိခြင်းများကြောင့် ဆောင်ရွက်ပေးနိုင်မှု မရှိသည်ကို စိစစ်တွေ့ရှိရကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပထမအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအထိ ကြယ်ပွင့်ပြ မေးခွန်းများမှ ၁၀၂၀ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ ၉၈၇ ခု ဆောင်ရွက်ခဲ့ပြီး ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလတွင် ၃၃ ခု ပယ်ဖျက်ခဲ့ကြောင်း၊ ကြယ်ပွင့်မပြ မေးခွန်းများမှ ၁၀၀၇ ခု ကတိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့က ၉၇၄ ခုဆောင်ရွက်ခဲ့ပြီး ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ၃၃ ခု ပယ်ဖျက်ခဲ့ကြောင်း၊ အဆိုများမှ ၁၂၈ ခု ကတိကဝတ် ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ ၁၂၀ ခုနှင့် အမျိုးသားလွှတ်တော်က နှစ်ခု ဆောင်ရွက်ခဲ့ပြီး ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ခြောက်ခု ပယ်ဖျက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြ မေးခွန်း ၈၃ ခု ရှိကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ ၅၀ ခုဆောင်ရွက်ခဲ့ကာ ၃၃ ခုပယ် ဖျက်ခဲ့ကြောင်း၊ ကြယ်ပွင့်မပြ မေးခွန်းများမှ ၉၁ ခု ကတိကဝတ် ဖြစ်ပေါ်ခဲ့ကာ ပြည်ထောင်စု အစိုးရအဖွဲ့မှ ၅၈ ခုဆောင်ရွက်ခဲ့ပြီး ၃၃ ခု ပယ်ဖျက်ခဲ့ကြောင်း၊ အဆို ၁၀ ခု အတည်ဖြစ်ခဲ့ကာ ပြည်ထောင်စု အစိုးရအဖွဲ့မှ နှစ်ခု၊ အမျိုးသား လွှတ်တော်မှ နှစ်ခု ဆောင်ရွက်ခဲ့ပြီး ခြောက်ခု ပယ်ဖျက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ တင်ပြသည့် လုပ်ငန်းများအတွက် ဝန်ကြီးဌာနများသို့ ကော်မတီမှ ကိုယ်စား မေးမြန်းခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ ပေးပို့မှုများအား ဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှု မရှိစေရန်အတွက် အလေးထား ဆောင်ရွက်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်အရ ကတိဖြစ်ပေါ်မှုကို ပြည်ထောင်စု ဝန်ကြီးဌာနမှ ရန်ပုံငွေရရှိပြီးပါက ကော်မတီအနေဖြင့် ကတိပြီးပြတ်သည်ဟု သတ်မှတ်ခဲ့သော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနက လုပ်ငန်းပြီးစီးသည်ဟု ကော်မတီက သတ်မှတ်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ လုပ်ငန်းပြီးစီးကြောင်း အကြောင်းကြားသည့်စာများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်သို့ ပေးပို့ရမည်ဖြစ်၍ မှန်ကန်မှုရှိစေရန်အတွက် အတည်ပြုပေးရန်လိုအပ်မည်ဖြစ်ကြောင်း ကော်မတီက အကြံပြုထားသည်။
အစိုးရအနေဖြင့် လွှတ်တော်၌ ကတိဖြစ်ပေါ်ခဲ့သောလုပ်ငန်းများသည် နှစ်ရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ခြင်း၊ ဘတ်ဂျက်ရရှိရန် တင်ပြတောင်းခံသော်လည်း ရန်ပုံငွေ















