ဒဂုံစီးတီး စီမံကိန်းအတွက် အစားပြန်ပေးရန် စီးပွား/ကူးသန်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် အချက်အချာကျမြေ ၃၃ ဧက လျာထားရာ လက်ရှိတွင် ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆဲဖြစ်ပြီး မူလငှားရမ်းခ ပရီမီယံကြေးများကို လျှော့ချပေးမည် မဟုတ်ကြောင်း MIC မှသိရဒဂုံစီးတီး စီမံကိန်းအတွက် အစားပြန်လည် ပေးအပ်မည့် မြေများကို လက်ရှိတွင် ဝန်ကြီးဌာန အချင်းချင်းအကြား ညှိနှိုင်းနေဆဲဖြစ်ရာ မူလ ငှားရမ်းခ ပရီမီယံကြေးများကိုမူ လျှော့ချပေးသွားရန် မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက The Daily Eleven သို့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေဖြစ်သည့် ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း နေရာဟောင်း၌ အဆောက်အအုံများနှင့် အိမ်ရာများ အပါအဝင် လုပ်ငန်းများစွာ လုပ်ကိုင်ခွင့် ရရှိခဲ့သည့် ကုမ္ပဏီများမှာ ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် အပါအဝင် Adventure MyanmarTours and Incentives Co.,Ltd၊ သုခရတနာ ကုမ္ပဏီ လီမိတက်နှင့် Marga Landmark Development Co.,Ltd တို့ဖြစ်သည်။သို့သော် အဆိုပါ ကုမ္ပဏီများ၏ စီမံကိန်း လုပ်ငန်းများ လုပ်ဆောင်မှုများသည် မြန်မာလူမျိုးများ အထွတ်အမြတ်ထားရာ ရွှေတိဂုံ စေတီတော်နှင့် သိင်္ဂုတ္တရကုန်းတော်အား ထိခိုက်နိုင်မည့် အခြေအနေများ ဖြစ်လာသည့်အတွက် ရဟန်းရှင်လူ ပြည်သူများ၏ စီမံကိန်း ရပ်ဆိုင်းပေးရန် လက်မှတ်ရေးထိုး တောင်းဆိုမှုများနှင့် ကန့်ကွက်သည့် လှုပ်ရှားမှုများ ထွက်ပေါ်လာခဲ့သည့်အတွက် ၂၀၁၅ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ဒဂုံစီးတီး စီမံကိန်း အပါအဝင် စီမံကိန်းများအားလုံး ရပ်ဆိုင်းမည် ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းများ ရပ်ဆိုင်းသည့်အတွက် ရင်းနှီးမြှုပ်နှံသူများ ထိခိုက်မှု မဖြစ်စေရန်အတွက် နိုင်ငံတော် အစိုးရ အစီအစဉ်ဖြင့် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။လက်ရှိတွင် အဆိုပါ ဒဂုံစီးတီး စီမံကိန်းအတွက် စီမံကိန်း ရပ်ဆိုင်းလိုက်ရသည့် ကုမ္ပဏီများ နစ်နာမှု မရှိစေရန် အစားပြန်ပေးမည့် မြေများအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနပိုင်သည့် မြေမဟုတ်သော ကမ္ဘာအေးဘုရား လမ်းမကြီးပေါ်ရှိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနပိုင် ယခင် ဘူမိဗေဒ ဦးစီးဌာနရုံး၏ မြေ ၁၇ ဧက၊ မင်းရဲကျော်စွာလမ်းနှင့် ခရေပင် လမ်းထောင့်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် မြေ ၁၁ ဧကနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ကုန်သည်လမ်းပေါ်ရှိ မြန်မာ့မီးရထားရုံးချုပ် ဆောက်လုပ်ထားသည့် မြေသုံးဧကကို အစားထိုး လုပ်ကိုင်ခွင့်ပြုရန် ကနဦး လျာထားသည်ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားသည်။“ဒဂုံစီးတီး စီမံကိန်းအတွက် အစားပြန်ပေးဖို့ မြေနေရာတွေက လျာထားဆဲပါပဲ။ လက်ရှိမှာတော့ ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းနေဆဲဖြစ်ပြီး အစိုးရအဖွဲ့ကိုလည်း တင်ပြထားပါတယ်။ ငှားရမ်းခ ပရီမီယံကြေးတွေကို လျှော့ချပေးသွားဖို့ မရှိပါဘူး” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။အဆိုပါ မြေများအနက်မှ ရွှေတောင် ကုမ္ပဏီအတွက် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ကုန်သည်လမ်းပေါ်ရှိ မြန်မာ့မီးရထားရုံးချုပ် ဆောက်လုပ်ထားသည့် မြေသုံးဧက၊ Adventure MyanmarTours and Incentives Co.,Ltd၊ သုခရတနာ ကုမ္ပဏီ လီမိတက် အတွက် မင်းရဲကျော်စွာလမ်းနှင့် ခရေပင် လမ်းထောင့်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် မြေ ၁၁ ဧကကို ကုမ္ပဏီ တစ်ခုလျှင် ၅ ဒသမ ၅ ဧကစီနှင့် Marga Landmark Development Co.,Ltd အတွက် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနပိုင် ယခင် ဘူမိဗေဒ ဦးစီးဌာနရုံး၏ မြေ ၁၇ ဧကကို အစား ပြန်လည်ပေးအပ်ရန် ဝန်ကြီးဌာနများ အချင်းချင်းအကြား ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း၊ အဆိုပါ မြေများကို ပြန်လည် အစားထိုးပေးရန် လျာထားဆဲဖြစ်ကာ ယခင် ဒဂုံစီးတီး စီမံကိန်း မြေနေရာလောက် လက်ရှိပေးအပ်သည့် မြေများမှာ အချက်အချာကျမှု မရှိသည့်အတွက် ဒဂုံစီးတီး စီမံကိန်း မြေနေရာဖြစ်သည့် အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းအတွက် ပေးဆောင်ထားရသည့် ပရီမီယံကြေး ဖြစ်သည့် မြေတစ်ဧကပေါ်တွင် အမေရိကန် ဒေါ်လာ နှစ်သန်းကို ပြန်လည် လျှော့ပေါ့ပေးရန်နှင့် မြေငှားခကို ပြန်လည် လျှော့ပေါ့ပေးရန် လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်
ဒဂုံစီးတီး စီမံကိန်းအတွက် အစားပြန်ပေးရန် စီးပွား/ကူးသန်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် အချက်အချာကျမြေ ၃၃ ဧက လျာထားရာ လက်ရှိတွင် ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆဲဖြစ်ပြီး မူလငှားရမ်းခ ပရီမီယံကြေးများကို လျှော့ချပေး










