တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နေအိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေးအမှု ဖြစ်စဉ်များကို ဗဟန်းမြို့နယ် တရားရုံးသို့ ရဲတပ်ဖွဲ့က ကျင့် ၂၀၂ အရ ဒီဇင်ဘာ၂၁ ရက်တွင် တင်ပြခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် နေအိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေး အရိုက်ခံရမှု ဖြစ်စဉ်များအား ကျင့် ၂၀၂ အရ တရားသူကြီးက အချက်နှစ်ချက် ညွှန်ကြား တင်ပြရန် ချိန်းထားသော်လည်း ရဲတပ်ဖွဲ့မှ တင်ပြရာတွင် အရိုက်ခံရသည့် မိန်းကလေး၏ ဆေးစစ်ချက်ကိုသာ တင်ပြခဲ့ပြီး သက်သေများ စစ်ဆေး နေဆဲဖြစ်ကြောင်း တင်ပြသဖြင့် အချက်နှစ်ချက် မပြည့်စုံသောကြောင့် ဒုတိယအကြိမ် တင်ပြရန် ဇန်နဝါရီ ၅ ရက်သို့ ရုံးချိန်း ချိန်းဆိုခဲ့ကြောင်း သိရသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နေအိမ်တွင် နှိပ်စက်ခံရသော အသက် ရှစ်နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ် တရားရုံးသို့ တင်ပြရန်အတွက် အိမ်ရှင်ဖြစ်သူ ဗိုလ်မှူးကျော်နုမော်အား စစ်ဆေးရန် လိုအပ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်ထံမှ သိရှိရသည်။
နိုဝင်ဘာ ၁၈ ရက်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ ခြံအမှတ် ၂၅ (ဃ-၄) နေအိမ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးသည် ထမင်းအိုးအတွင်းသို့ လက်မဆေးဘဲ နှိုက်ခဲ့သောကြောင့် အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ဝင်နေပြီး တံခါးဂျက်ချ ပိတ်ထားခဲ့ခြင်းကြောင့် အိမ်အကူဖြစ်သူ မသန်းသန်းဝေက ပြတင်းပေါက်မှ ဝင်ရောက်ကာ အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား ခေါ်ထုတ်၍ ရိုက်နှက်ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်အား ထိုင်ခုံနှင့် ကြိုးချည် ထားခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့်အနေဖြင့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား ၎င်းနှင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ်အရှေ့၌ အဝတ်မပါဘဲ ကြိုးတုပ်ထားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အသက်ရှစ်နှစ်အရွယ် မိန်းကလေးမှာ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခံခဲ့ခြင်း၊ ကြိုးဖြင့် တုပ်ခံခဲ့ရခြင်း၊ နေပူထဲတွင် ထားရှိခံခဲ့ရခြင်းများကြောင့် ၎င်းကလေးငယ်၏ မျက်နှာ၊ ယာလက်ကောက်ဝတ်နှင့် လက်ခုံ၊ ရင်ဘတ်၊ ကျောပြင် နှင့်ဝဲ/ယာ ပေါင်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိန်းကလေး နှိပ်စက်ခံခဲ့ရသည့် ဓာတ်ပုံမှာ Facebook စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး လူအများက ယင်းသို့ ပြုလုပ်သူအား ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါနှိပ်စက်ခံရသည့် မိန်းကလေးငယ်အား ၎င်း၏မိဘထံမှ ဗိုလ်မှူးကျော်နုမော်တို့ မိသားစုက လွန်ခဲ့သောနှစ်လက စတင်၍ အမွေစားအမွေခံဖြင့် မဟုတ်ဘဲ မွေးစားခဲ့ပြီး လူမှုရေးအရ မစုဝေ၏ မိဘထံ ငွေကျပ် ၁၀ သိန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။
နှိပ်စက်ခံရသော မိန်းကလေး၏ ဖခင်မှာ တနသာၤရီတိုင်းဒေသကြီးရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၉၁၈) မှ တပ်သားတစ်ဦး ဖြစ်ကြောင်း ထပ်မံသိရှိရသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အိမ်အကူ ဒေါ်သန်းနွဲ့အား ဗဟန်းမြို့မရဲစခန်းမှ ကလေးသူငယ် ဥပဒေပုဒ်မ-၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နေအိမ်တွင် နှိပ်စက်ခံရသော ရှစ်နှစ်အရွယ် မိန်းကလေးအမှု ဗဟန်းမြို့နယ် တရားရုံးသို့ ရဲတပ်ဖွဲ့က တင်ပြရာတွင် ပြည့်စုံမှု မရှိခြင်းကြောင့် ဆက်လက်တင်ပြရန် တရားသူကြီးက ဒုတိယအကြိမ် ညွှန်ကြား