ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသော ဗကသ ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်၏ ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦးဖြစ်သော ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး (ဟောင်း) က ၎င်းတို့ကို ဥပဒေအရ အရေးယူခြင်းသာဖြစ်သည်ဟု ရုံးတော်တွင် ထွက်ဆိုခဲ့သည်။
ဒီဇင်ဘာ ၁၅ ရက်က ကိုလင်းထက်နိုင်ကို ကမာရွတ်တရားရုံးတွင် ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ရာ မတ် ၆ ရက်က ကမာရွတ်မြို့နယ်၊ လှည်တန်းတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို အကြမ်းမဖက် ရန်နှင့် မြို့တော်ခန်းမရှေ့တွင် လက်ပတ်နီများက အကြမ်းဖက် ရိုက်နှက်မှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့မှုကို ကမာရွတ်ရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်းသည် ဥပဒေအရ မှန်ကန်ကြောင်းနှင့် ဥပဒေအတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး (ဟောင်း) ဦး....က ရုံးတော်တွင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ကိုလင်းထက်နိုင်၏ ဥပဒေအကျိုးဆောင် ရှေ့နေက မေးမြန်းရာ ၎င်းက ဥပဒေအရ အရေးယူ ဆောင်ရွက်မှုဆိုလျှင် မှန်ကန်ကြောင်း၊ ၎င်းတို့မှာလည်း ဥပဒေအရ အရေးယူ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ လက်ပတ်နီဝတ် စွမ်းအားရှင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ပညာရေးသပိတ် ထောက်ခံသူများကို မတ်လ ၅ ရက်က ဖြိုခွဲခဲ့သည်ကို သတင်းများအရ သိရှိကြောင်း၊ ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက် မဖြိုခွင်းရန် သင်တန်းပေးထားသည်ကို သိရှိကြောင်း၊ မည်သူမည်ဝါကို သင်တန်းပေးသည် ဆိုသည်ကိုမူ အသေးစိတ် မသိရှိကြောင်း စသည့်အချက်များကို ရုံးတော်တွင် ထွက်ဆိုသွားခဲ့သည်။
“တကယ်တော့ အဲဒီနေ့က ဆန္ဒပြပွဲတုန်းက လူအယောက်၂၀ လောက် ပါပါတယ်။ ကျွန်တော်ဆိုလိုတာက ဥပဒေအရ အရေးယူမယ်ဆိုရင် အကုန်လုံးကို အရေးယူသင့်တာပေါ့။ အဲဒီတုန်းက ဆန္ဒပြတာ အယောက် ၂၀ လောက်ရှိတယ်။ ဘာလို့တစ်ယောက်၊ နှစ်ယောက်ပဲ ကွက်အရေးယူသလဲ။ ဒါကိုက နိုင်ငံသားတိုင်းဟာ ဥပဒေရဲ့ အစောင့်အရှောက်ကို မရရှိတာလို့ ဆိုလို့ရတယ်”ဟု ကိုလင်းထက်နိုင်၏ ရှေ့နေဖြစ်သူက ပြောကြားသည်။
လာမည့်ရုံးချိန်းကို ဒီဇင်ဘာ ၂၂ ရက်သို့ ထပ်မံချိန်းဆိုခဲ့ပြီး ကိုလင်းထက်နိုင်အား ဒီဇင်ဘာ ၁၈ ရက်တွင် ကိုနန္ဒာစစ်အောင်၊ ကျောင်းသူ ပိုပို (ခေါ်) ရတနာစုပိုလှိုင်၊ ဝန်းရံပြည်သူ ကိုဝင်းကျော့မှူး၊ ဗကသများ ဥက္ကဋ္ဌ ကိုကျော်ကိုကိုတို့နှင့်အတူ ကမာရွတ်မြို့နယ် ရဲမှူး၏ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅(ခ) ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ တို့ဖြင့် အမှုဖွင့် တရားစွဲဆို ခံထားရမှုကို ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ဗကသ ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်အား ခြောက်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး လိုပြသက်သေ ကမာရွတ် မြို့နယ်အုပ်ချုပ်ရေးမှူး (ဟောင်း) က ဥပဒေအရ အရေးယူခြင်းသာဖြစ်ဟု ထွက်ဆို















