Eleven Media Grop မှတစ်ဆင့် စေတနာရှင် အလှူရှင်များမှ လှူဒါန်းသော ဆန်အိတ် ၃၀၀ အား နာရေးကူညီမှုအသင်း (စစ်တွေ)နှင့် ပူးပေါင်းပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကျောက်ဖြူရွာ၊ ဂုတ်ပီထောင့်၊ အုတ်ကြတ်ကျေးရွာနှင့် လမုတစ်ပင်ကျေးရွာတို့အား နိုဝင်ဘာ ၂၄ ရက်က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆန်အိတ်များ လာရောက်လှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်သိန်းက “ဒီရွာမှာ အခက်အခဲက စားဝတ်နေရေးပေါ့။ လက်လုပ်လက်စားကများတော့ အများစု ဆင်းရဲတယ်။ အခုလို ဆန်တွေလာ လှူပေးတဲ့အတွက် အလှူရှင်တွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ အဆိုးရွာဆုံးက တော့ ရွာမှာ အိမ်သာဆောက်လုပ်လို့ အဆင်မပြေတာပါပဲ။ ရွှံ့အနယ်က သုံးလေးပေလောက် နစ်သွားတော့ အိမ်သာဆောက်လို့ အဆင်မပြေဘူး ဖြစ်နေတယ်။ အဲဒါအတွက်လည်း ဘယ်အဖွဲ့အစည်းကမှ အကူအညီ မပေးနိုင်သေးဘူး”ဟု ပြောကြားသည်။
အဆိုပါ ကျေးရွာများသည် ရေကြီး ရေနစ်မြုပ်မှု များပြားခဲ့သဖြင့် ရေတွင်းများ တူးဖော်ရန်အတွက်ပင် ခက်ခဲနေသော ကျေးရွာများဖြစ်ပြီး အလုပ်လက်မဲ့ များပြားကြောင်းနှင့် အိမ်သာဆောက်လုပ်ရန် အခက်အခဲရှိကြောင်း၊ ကျောက်ဖြူကျေးရွာတွင် အိမ်ခြေ ၂၄၀ ရှိသည့်အနက် အိမ်သာ ဆောက်လုပ်ထားသော အိမ် ၃၀ ခန့်သာရှိကြောင်း၊ အလားတူ ဂုတ်ပီတောင့်ကျေးရွာ၊ အုတ်ကြတ်ကျေးရွာ များတွင်လည်း အိမ်သာများ ဆောက်လုပ်ရန် အခက်အခဲများ ရှိကြောင်းလည်း သိရသည်။
၊အိမ်ခြေ ၂၄၀ လောက်မှာ လယ်သမား ၅၀ လောက်သာ ရှိတယ်။ တကယ့်များများစားစား လုပ်နိုင်တဲ့ လယ်သမားကတော့ နည်းပါတယ်။ နယ်ရပ်စွန့်ခွာသူတွေ များနေတယ်။ သောက်ရေကန်တွေ ရှိပေမယ့် ခြံစည်းရိုးမကာနိုင်ဘူး။ ဒါကြောင့် သောက်ရေအတွက်လည်း အခက်အခဲရှိပါတယ်။ အကူအညီတွေ အများကြီးလိုအပ်နေပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးသောင်းစိန်က ပြောကြားသည်။
ဆန်အိတ် လှူဒါန်းရာတွင် ကျောက်ဖြူကျေးရွာအား ဆန်အိတ် ၆၇ အိတ်၊ လမုတစ်ပင် ကျေးရွာအား ၇၇ အိတ်၊ ဂုတ်ပီတောင့်ကျေးရွာ အား ၈၈ အိတ်၊ အုတ်ကြတ် ကျေးရွာအား ၆၈ အိတ် အသီးသီး ပေးအပ်ခဲ့သည်။
Eleven Media Group မှတစ်ဆင့် စေတနာရှင် အလှူရှင်များ လှူဒါန်းသော ဆန်အိတ် ၃၀၀ အား ကျောက်တော်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာ လေးရွာသို့ လှူဒါန်း















