မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ဗိုလ်ချုပ်လမ်းရှိ ရွှေဝတ်လွှာမိုတယ် အခန်းနံပါတ် ၃၁၀ တွင် နိုဝင်ဘာ ၁၁ ရက်က တပ်မတော် ခမရ ၃၁၀ မှ ဗိုလ်ကြီးတစ်ဦးအား တူဖြင့် ထုသတ်ခဲ့သူကို မယ်ထော်တလေးသချုႋင်းအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ မြဝတီမြို့ တောင်ဘက် မယ်ထော်တလေးကျေးရွာ သချုႋင်းအနီးတွင် ယောင်လည်လည်လုပ်နေသော တပ်သား မောင်နိုင်အား နယ်ခြားစောင့်တပ်နှင့် ခလရ (၃၁၀) မှ ယာယီ တပ်ရင်းမှူးတို့အဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးရာ လွန်ခဲ့သော နိုဝင်ဘာ ၁၁ ရက်က မိုတယ်ခန်းအတွင်း ဗိုလ်ကြီးမျိုးသွယ် သေဆုံးရသည့် ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံ ၊ အစစ်ခံ၍ မြဝတီမြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်မတော်သားများမှ ပြစ်မှုကျူးလွန်ပုံ ကျူးလွန်နည်းများကို သရုပ်ပြစေခဲ့ကြောင်း သိရသည်။ မြဝတီမြို့ ဗိုလ်ချုပ်လမ်းရှိ ရွှေဝတ်လွှာမိုတယ် ဝန်ထမ်း မှ နိုဝင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မိုတယ်ရှိ အခန်းနံ ပါတ် (၃၁၀) တွင် တည်းခိုနေသူဗိုလ်ကြီး မျိုးသွယ်ကို ခုတင်ပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ရွှေဝတ်လွှာမိုတယ် မန်နေဂျာ၏ အကြောင်းကြားမှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးရာ သေဆုံးသူမှာ ကော့ကရိတ်အခြေစိုက် တပ်ခမရ ၃၁၀ မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးဖြစ်ပြီး၊ ဖလူးတပ်စခန်း၏ တာဝန်ခံတစ်ဦးဖြစ်ကာ ယာချို စောင်းမျက်ခုံး၊ မေးတို့၌ ဒဏ်ရာရရှိ သေဆုံးနေကြောင်း သိရသည်။“ နိုဝင်ဘာ ၁၀ ရက် နံနက် ၈ နာရီမှာ သေဆုံးသူမှာ ဦးမျိုးသွယ်ဆိုတဲ့ နိုင်ငံသားကတ်နဲ့ လာရောက်တည်းခိုတာပါ။ သူနဲ့အတူ အမျိုးသမီးတစ်ယောက် ပါပါတယ်။ ညနေ ၄ နာရီလောက်မှာ နှစ်ယောက်လုံးအပြင် ထွက်သွားပါတယ်။ ည ၈ နာရီလောက်မှာ ပြန်လာခဲ့တယ်။ အမျိုးသမီးတော့ ပြန်ပါလာတာ မတွေ့ရဘူး။ သူနဲ့အတူ သူ့တပည့်ဖြစ်သူတစ်ဦးတို့ ပြန်လာခဲ့တယ်။ ည ၈ နာရီလောက် မှာ သူ့ တပည့်ဖြစ်သူဟာ စားစရာဝယ်မယ်ဆိုပြီး အပြင်ထွက်သွားတာ ပြန်မလာတော့ပါဘူး” ဟု ရွှေဝတ်လွှာမိုတယ်မန်နေဂျာက ပြောကြားသည်။ပြစ်မှုကျူးလွန်သူ တပ်သားမောင်နိုင်အား သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ ရွှေဝတ်လွှာမိုတယ်တွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးအား တူဖြင့်ထုသတ်ခဲ့သူကို မယ်ထော်တလေး သချုႋင်းအနီး ဖမ်းဆီးရမိ















