ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးစသည့် နေရာများတွင် မြေကွက် အရောင်းအဝယ်သာမက မြေပေါင်နှံခြင်းများပင် လုံးဝရပ်ဆိုင်းသွားဟု သိရ

ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးစသည့် နေရာများတွင် မြေကွက် အရောင်းအဝယ်သာမက မြေပေါင်နှံခြင်းများပင် လုံးဝရပ်ဆိုင်းသွားဟု သိရ
Published 14 November 2015

ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးစသည့် နေရာများတွင် မြေကွက်အရောင်းအဝယ် လုံးဝမရှိရုံတင်မကဘဲ မြေကွက်ပေါင်နှံခြင်းများလည်း လုံးဝရပ်ဆိုင်းသွား သည်ဟု ယင်းမြို့နယ်များနေထိုင်သည့် ဒေသခံအချို့ထံမှ သိရသည်။ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာ အတွင်းပါဝင်သည့် မြို့နယ်များတွင် စီမံကိန်း စတင်မည်ဆိုသည့် ၂၀၁၄ ခုနှစ်က မြေကွက်ဈေးနှုန်းနှင့် အရောင်းအဝယ်များ တစ်ဟုန်ထိုး တက်သွားခဲ့ကြောင်း၊ သို့သော် စီမံကိန်း ရပ်ဆိုင်းခဲ့ချိန်တွင် အရောင်းအဝယ်များလည်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ယခု ၂၀၁၅ ခုနှစ်တွင် ရန်ကုန်မြို့သစ် စီမံကိန်းအား တစ်ကျော့ပြန် ဖော်ဆောင်ရန် ဖြစ်လာချိန်တွင် မြေကွက်များ ထင်သလောက် အရောင်းအဝယ် မဖြစ်တော့ဘဲ စက်တင်ဘာလကုန်တွင် မြေကွက်များအရောင်း အဝယ် လုံးဝရပ်ဆိုင်းသွားခဲ့ပြီး ဒေသခံများကလည်း မြေကွက်များ ထုတ်မရောင်းတော့ ကြောင်းသိရသည်။သို့သော် ဒေသခံများ စီးပွားရေးကျပ်တည်းသည့်အတွက် ဒေသခံအချင်းချင်း မြေကွက်ပေါင်နှံခြင်းများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲအပြီး နောက်ပိုင်း မြေကွက်ပေါင်နှံခြင်းများပင် လုံးဝမပြုလုပ်တော့ဘဲ ရပ် ဆိုင်းသွားခဲ့ပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။“မြေကွက် အရောင်းအဝယ်တင် မကဘဲ ပေါင်နှံတာလည်း လုံးဝကို လက်မခံတော့တာ။ အရင် ပေါင်နှံတာကလည်း ဒေသခံအချင်းချင်း နားလည်မှုနဲ့ လုပ်ခဲ့ကြတာ။ အခု ဒေသခံ အချင်းချင်းတောင်မရှိ ကြတော့ဘူး။ ဒေသခံတွေလည်း တော်တော်ကို ကျပ်တည်းနေတယ်”ဟု ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာ အတွင်းပါဝင်သည့် တွံတေးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။“ကျွန်တော်တို့ ဘက်မှာတော့ မြေပေါင်နှံတာ သိပ်မရှိဘူး။ အရောင်းအဝယ်ကတော့ လုံးဝကို မရှိတော့တာ။ ဒေသခံတွေက စီမံကိန်းကိုမျှော်ပြီး ထုတ်မရောင်းတော့တာ။ တွံတေးဘက်မှာတော့ ဒေသခံအချင်းချင်း စာ ချုပ်နဲ့ မြေတွေပေါင်နှံပြီး လုပ်နေတာတော့ရှိတယ်”ဟု ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာ အတွင်းပါဝင်သည့် ကြည့်မြင်တိုင်တစ်ဖက် ကမ်းဝါးရုံဆိပ်ကျေးရွာမှ ဒေသခံ ဦးတင်စိန်က ပြောကြားသည်။ထို့ပြင် လက်ရှိ စီမံကိန်းဧရိယာ အတွင်း လယ်ယာလုပ်ငန်းများလည်း အကျပ်အတည်းဖြစ်နေကြောင်း စီမံကိန်းကိုလည်း အစိုးရ အပြောင်းအလဲကြောင့် ပျက်ပြယ် သွားမည်ကိုလည်း စိုးရိမ်နေကြောင်း ဒေသခံအချို့က ဆိုသည်။“အခုက ရွေးကောက်ပွဲလည်ပြီး အစိုးရအပြောင်းအလဲလည်း ဖြစ်မယ်ဆိုတော့ ဒေသခံတွေက အရင်အစိုးရလုပ်ခဲ့တဲ့ မြို့သစ်စီမံကိန်း ပျက်မလားဆိုပြီ စိုးရိမ်နေကြတယ်။ ကျွန်တော်တို့လည်း တင်ဒါ တင်ထား တုန်းအဆင့်ပဲဆိုတော့ ဘာမှသေချာမသိရဘူး။ အစိုးရဘက်ကလည်း အခုထိဘာမှတော့ အကြောင်းမကြားသေးဘူး။ ကျွန်တော်တို့လည်း မြန်မာငွေကျပ် ၅ ဘီလီယံတောင် စပေါ်ငွေ တင်ထားရတာ။ အဲဒါကြောင့် စောင့်ကြည့်နေတုန်းပါပဲ” ဟု ရန်ကုန်မြို့ သစ်စီမံကိန်းအတွက် တင်ဒါတင်သွင်းထားသည့် ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင်တစ် ဖက်ကမ်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို စသည့် ဒေသများပါဝင်ကြောင်း သိရသည်။

Most Read

Most Recent