ဦးခေါင်းဖြတ် သယ်ယူလာသော ဘုရားဆင်းတုတော်တစ်ဆူ အပါအဝင် ဗုဒ္ဓရုပ်ပွားတော်ခုနစ်ဆူအား မြဝတီ-မဲဆောက်လမ်းကြောင်းမှ တစ်ဖက်နိုင်ငံသို့ ပို့ဆောင်စဉ် မြဝတီ ချစ်ကြည်ရေး တံတားထိပ်တွင် နိုဝင်ဘာ ၁၀ ရက်က ဖမ်းဆီရမိခဲ့ကြောင်း သိရသည်။
မြဝတီမြို့ အမှတ် (၁) ရပ်ကွက်ရှိ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား လုံခြုံရေးတာဝန်ခံ ရဲအုပ် အောင်ဇော်ဦးနှင့်အဖွဲ့၊ သက်သေ ရာအိမ်မှူးများနှင့်အဖွဲ့သည် ချစ်ကြည်ရေးတံတားထိပ် မြဝတီဘက်ခြမ်း၌ လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေစဉ် ယာဉ်မောင်း ဝင်းခိုင် မောင်းနှင်သည့် ယာဉ်အမှတ် 2B/9428 HiJet အဖြူရောင်ယာဉ်၏ အနောက်ခန်းတွင် လိုက်ပါစီးနင်းလာသော မသန္တာ(ခ) မသင်း (၄၅ နှစ်) နှင့် ၎င်းကိုင်ဆောင်ထားသည့် ပလတ်စတစ် ဆွဲခြင်းအား စစ်ဆေးရာ ခေါင်းပြတ်နေသော ဘုရားဆင်းတုတော် တစ်ဆူ အပါအဝင် ရှေးဟောင်းဘုရားများဟု ယူဆရသော ဗုဒ္ဓရုပ်ပွားတော် ခုနစ်ဆူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်များအား တစ်ဖက်နိုင်ငံသို့ ရောင်းချရန် သယ်ယူလာသူမှာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် ဇေယာရွှေပြည် ဘုန်းတော်ကြီးကျောင်းအနီး နိဗ္ဗာန်ကုန် ရောင်းချသူတစ်ဦးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြဝတီ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေး တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်များမှာ ကြေးဖြင့်ပြုလုပ်ထားသော ပလ္လင် ငါးလက်မခန့်၊ စုစုပေါင်း ဉာဏ်တော်အမြင့် ၁၄ လက်မခန့် ရှိသည့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၊ ငွေဖြင့် ပြုလုပ်ထားသော ပလ္လင်နှင့် ဉာဏ်တော် နှစ်လက်မခွဲရှိ နှစ်ဆူ၊ ငွေဖြင့် ပြုလုပ်ထားသော ပလ္လင်နှင့် ဉာဏ်တော် နှစ်လက်မခန့်ရှိ သုံးဆူ၊ ငွေဖြင့်ပြုလုပ်ထားသော ပလ္လင်နှင့် ဉာဏ်တော် တစ်လက်မခွဲရှိ တစ်ဆူတို့ ဖြစ်သည်။
သို့ဖြစ်၍ ဗုဒ္ဓရုပ်ပွားတော်များအား တစ်ဖက်နိုင်ငံသို့ ရောင်းချရန် သယ်ယူလာသူ မသန္တာ(ခ) မသင်း (၄၅ နှစ်) အား မြဝတီရဲစခန်းမှ (ပ)/၂၀၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅/ ၃၈၀/၅၄ တို့ဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဦးခေါင်းဖြတ် သယ်ယူလာသော ဘုရားဆင်းတုတော်တစ်ဆူ အပါအဝင် ဗုဒ္ဓရုပ်ပွားတော် ခုနစ်ဆူအား တစ်ဖက်နိုင်ငံသို့ ပို့ဆောင်စဉ် ဖမ်းမိ