ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ဘူမိဗေဒမြေလွှာပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေခြင်းကြောင့် ဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသော ဒေသများဖြစ်နေ

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ဘူမိဗေဒမြေလွှာပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေခြင်းကြောင့် ဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသော ဒေသများဖြစ်နေ
Published 13 October 2015
ဆန်းထူးအောင်

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး သုံးခုသည်မြို့ပြလူဦးရေ အထူထပ်ဆုံးဖြစ်ပြီး ဘူမိဗေဒမြေလွှာပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေခြင်းကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသော ဒေသ များဖြစ်နေကြောင်း Unicef မှထုတ်ပြန် သည့် မြန်မာနိုင်ငံ ကလေးသူငယ်ဗဟိုပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ ဆန်းစစ်အကဲဖြတ်ချက် အစီရင်ခံစာအရ သိရသည်။ထို့ပြင် အစီရင်ခံစာတွင် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးများသည် မိုးခေါင်ရေရှားမှု ဘေးဒုက္ခကိုလည်း တွေ့ကြုံခံစားနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အပူပိုင်းမုန်တိုင်းများ အန္တရာယ်ရှိနေပြီး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးများသည် ဘေးအန္တရာယ်ကျရောက်နိုင်ခြေ အလယ်အလတ်အဆင့်တွင်ရှိပြီး ငလျင်၊ ရေလွှမ်းမိုးမှုနှင့် မိုးခေါင်ရေရှားခြင်းတို့ကိုသာ ကြုံတွေ့နိုင်ကြောင်းလည်း သိရသည်။ယင်းအပြင် ကျန်ရှိနေသော ပြည်နယ် နှင့် တိုင်းဒေသကြီးများဖြစ်သည့် ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ မွန်၊ တနင်္သာရီနှင့် ကယားပြည်နယ်တို့သည် ဘေးအန္တရာယ် ကျရောက်နိုင်ခြေအရ ကွဲပြားခြားနားမှုမရှိသော်လည်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးများထက် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်မှု နည်းပါးကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့ပြင် ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး မုတ်သုံရာသီ တိုတောင်းလာခြင်း၊ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်လာခြင်းနှင့် နိုင်ငံအဝန်း အပူချိန်မြင့်တက်လာပြီး ပိုမိုခြောက်သွေ့ကာ မိုးခေါင်ရေရှားမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး ၁၇၆ နိုင်ငံတွင် အဆင့် ၁၆၇ သတ်မှတ်ခံရခြင်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲခြင်းအား စီမံခန့်ခွဲမှုနိမ့်ကျခြင်းကြောင့်ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။ ၁၉၃၀ ပြည့်နှစ်တွင် ပဲခူးတွင် လှုပ်ခတ်ခဲ့သော ငလျင်သည် နှစ်ပေါင်း ၈၀ ကျော်ပြီဖြစ်သဖြင့် အဆိုပါနေရာတွင် အင်အားပြင်း ငလျင်လှုပ်ခတ်နိုင်မှုကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်းကို ဒေါက်တာမျိုးသန့်က ပြောကြားသည်။၁၉၃၀ ပြည့်နှစ်တွင် စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သော ပဲခူးငလျင်ကြောင့် ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ ၅၀၀ သေဆုံးခဲ့ပြီး၊ ရန်ကုန်တိုင်းတွင် လူဦးရေ ၅၀ သေဆုံးခဲ့ကြောင်းလည်း သိရသည်။စစ်ကိုင်းပြတ်ရွေ့တွင် ၁၈၃၉ မှ ၂၀၁၂ အထိ ၆ ရစ်ချ်တာစကေးမှ ၇ ရစ်ချ်တာစကေးအထက် လှုပ်ခတ်ခဲ့သော ငလျင် ၁၃ ခုအထိရှိကြောင်းလည်း သိရသည်။ မြေငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ ဘေးအန္တရာယ်များအနေဖြင့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခြင်း၊ မြို့ပြမီးဘေးအန္တရာယ်များ ဖြစ်ပွားခြင်း၊ ရေကာတာကြီးများ ကျိုးပျက်ကာ ရေကြီးခြင်း၊ တောင်ပြို ခြင်း၊ မြေပြိုခြင်း၊ ရွံ့မီးတောင်များ ပေါက်ကွဲပန်းထွက်ခြင်း၊ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်ခြင်းနှင့် ကောလာဟလသတင်းလွှင့်ခြင်းများ ဖြစ်ပွားတတ်ကြောင်းလည်း သိရသည်။                                    

Most Read

Most Recent