မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံနှင့် နည်းပညာ ဖွံ့ဖြိုးမှုမှာ အနိမ့်ဆုံး အဆင့်တွင် ရှိနေကြောင်း World Economic Forum က ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့်Global Competitiveness Index မှာ ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည့်အတွက် ထိုထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲအပြီး ထွက်ပေါ် လာမည့် အစိုးရအတွက် အဆိုပါ ကဏ္ဍများကို ဦးစားပေး လုပ်ဆောင်ရမည့် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာကြောင်း ပြည်တွင်း၌ အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေသည့် House.Com.mm က အောက်တိုဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
World Economic Forumက ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့်Global Competitiveness Index ကိုHouse.com.mmက ကိုးကား ထုတ်ပြန်ခဲ့သည့် အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၄ နိုင်ငံအနက် အဆင့် ၁၃၄ တွင် ရပ်တည် နေကြောင်းနှင့် စိုးရိမ်စရာ အကောင်းဆုံးမှာ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ အနေအထားနှင့် နည်းပညာ ဖွံ့ဖြိုးမှုများ ဖြစ်နေပြီး ထိုကဏ္ဍနှစ်ခုမှ အနိမ့်ဆုံး သတ်မှတ်မှု အနေနှင့် စုစုပေါင်း ခုနစ်ရာခိုင်နှုန်းမှ ၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၂ ရာခိုင် နှုန်းသာ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည့် ပါတီစုံ ရွေးကောက်ပွဲ မတိုင်မီ World Economic Forum က ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည Global Competitveness Index ၏ အချိန်ကိုက် ထွက်ပေါ်လာသည့် အစီရင်ခံစာမှာ မကြာမီ ထွက်ပေါ်လာမည့် အစိုးရအတွက် အဆိုပါ ကဏ္ဍများကို တိုးတက်အောင် လုပ်ဆောင် ပေးရမည်ဆိုသည့် စိန်ခေါ်မှု တစ်ရပ်အနေနှင့် စောင့်ကြို နေသကဲ့သို့ ဖြစ်လာစေမည်ဖြစ်ကြောင်း House.com.mmက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသည် Global Competitiveness Index တွင် ယခင်ထက် အဆင့်ငါးဆင့် မြင့်တက်ခဲ့ပြီး လာအိုနိုင်ငံမှာ ယခင်အဆင့် ၁၀၀ မှ ယခု ၉၃ သို့ အပြိုင်အဆိုင် တက်ရောက် လာနေသည့်အချိန်တွင် မြန်မာနိုင်ငံသည် ယခင်နှစ်ကထက် သုံးဆင့်သာ မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ကမ္ဘာ့ဈေးကွက်ကို လိုက်မီဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ တော်တော်လေးကို ကြိုးစားဖို့ လိုနေသေးတယ်ဆိုတာကို ဒီ Report က ပြနေပါတယ်။ မြန်မာနိုင်ငံဟာ အခု လောလောဆယ်မှာ ဖွံ့ဖြိုးမှု အရှိန်အဟုန် စတင်ပြီး မြှင့်နေတုန်းပဲ ရှိပါသေးတယ်။ ရွေးကောက်ပွဲပြီးသွားလို့ တက်လာမယ့် အစိုးရသစ် အနေနဲ့လဲ မြန်မာနိုင်ငံရဲ့အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုကို အဓိကထားပြီး လုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒါမှလည်း နောက်ခြေလှမ်း တစ်ခုဖြစ်တဲ့ ပညာတတ် လူ့ စွမ်းအား အရင်းအမြစ်တွေ များများရနိုင်ဖို့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာလဲ အခြားနိုင်ငံတွေနဲ့ ပြိုင်ဆိုင်နိုင်ပြီး ထုတ်ကုန် စွမ်းအားတွေလဲ ပိုတက်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံဟာ Public Sector နဲ့ Private Institution ကို အဓိကထားနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိုင်ငံကို ဖွံ့ဖြိုး တိုးတက် စေချင်တယ် ဆိုရင်တော့ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေကို မြှင့်တင်ဖို့နဲ့ နိုင်ငံရဲ့ Macroeconomic ကိုလည်း တည်ငြိမ်အောင် ထားဖို့ အရေးကြီးပါတယ်။ ဒီလိုတွေ ဆောင်ရွက်ဖို့ ဆိုတာကလည်း မကြာမီ လာမယ့် ရွေးကောက်ပွဲ ရလဒ်ပေါ်မှာ အများကြီး မူတည်နေပါတယ်”ဟုHouse.com.mm မှ Balaji Ramaswamiက ဆိုသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် နည်းပညာဖွံ့ဖြိုးမှုမှာ အနိမ့်ဆုံး အဆင့်တွင် ရှိနေကြောင်း World Economic Forum က ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့ခြင်းမှာ လာမည့်အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာဟုဆို















