အာဏာရှင် လက်ကိုင်တုတ်အဖြစ် ကျော်ကြားပြီး နိုင်ငံရေးသမားများနှင့် ဂျာနယ်လစ် များကို အပုပ်ချဝါဒ ဖြန့်ချိမှုများဖြင့် စဉ်ဆက်မပြတ် တိုက်ခိုက်ခဲ့သော Myanmar Express က ၎င်းတို့၏ ဝက်ဘ်ဆိုက်ကို ပိတ်လိုက်ပြီး Facebook တွင် တပ်မတော်နှင့် NLD ကို အထင်အမြင် လွဲမှားအောင် National Defence League အမည်ဖြင့် ပုဂ္ဂိုလ်ရေး အပုပ်ချ၊ ဝါဒ ဖြန့်ချိရေးများ ဆက်လုပ်နေကြောင်း သိရသည်။
Facebook တွင် ၎င်းတို့ ပြောင်းလဲခဲ့သော National Defence League အမည်သည် တပ်မတော်၏ National Defence College နှင့် NLD ၏ National League for Democracy တို့အပေါ် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် အသုံးအနှုန်း တစ်ခုဖြစ်သည်။
Myanmar Express သည် ဘလော့ဂါ များအတွက် Google က လုပ်ဆောင် ပေးထားသော Blogger ပလက်ဖောင်း၌ ဒိုမိန်း ဝယ်ယူပြီး ဝက်ဘ်ဆိုက် အသွင်ဖြင့် အပုပ်ချ ဝါဒ ဖြန့်ချိရေးများကို ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
လက်ရှိအချိန်၌ အဆိုပါ ဝက်ဘ်ဆိုက်အား အပြီးတိုင် ဖျက်ဆီးလိုက်သည့် ပုံစံမျိုးဖြင့် ပိတ်လိုက်ခြင်း မဟုတ်ဘဲ အများ ကြည့်ရှုခြင်းကို ပိတ်လိုက်ခြင်း ဖြစ်ကာ အီးမေးလ်ဖြင့် သီးသန့် ဖိတ်ကြား ခဲ့ရသူများသာ ကြည့်ရှုနိုင် သည့် ပုံစံသို့ ပြောင်းလဲထားခြင်း ဖြစ်သည်။
Facebook တွင်မူ ၎င်းတို့အများဆုံး အသုံးပြုနေပြီး Like ပြုလုပ်ထားသူ ၇၃၆၆၂ ဦးရှိသော Myanmar Express Facebook Page အမည်ကို National Defence League အမည်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။
တစ်ချိန်တည်းတွင် Like ပြုလုပ်ထားသူ ၇၄၀ သာရှိသေးသည့် Myanmar Express အမည်ဖြင့် နောက်ထပ် Facebook Page တစ်ခုကို ထပ်မံ ထူထောင်ထားပြီး လက်ရှိအချိန်တွင် အဆိုပါ Facebook Page သည် National Defence League ၌ ဖော်ပြထားသည်များကို Share ပြုလုပ်လျက် ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ အပြောင်းအလဲသည် စက်တင်ဘာ ၁၁ ရက် ‘လုံခြုံဘေးကင်းသည့် လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများ’ ထွက်ပေါ်ခဲ့ပြီးနောက် Facebook အနေဖြင့် Myanmar Express အပါအဝင် အာဏာရှင် လက်ကိုင်တုတ်ဝါဒ ဖြန့်ချိရေး Facebook Account များကို ဖယ်ရှားရမည် ဖြစ်ကြောင်း Weekly Eleven သတင်းဂျာနယ်က စက်တင်ဘာ ၁၄ ရက်တွင် သတင်း ဆောင်းပါး ဖော်ပြခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က အာဏာရှင် လက်ကိုင်တုတ် ဝါဒဖြန့်ချိရေး Myanmar Express ကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄ (က) အရ အရေးယူ ဆောင်ရွက်ပေးရန် တာမွေ ရဲစခန်း၌ Eleven Media Group က အမှုဖွင့်ခဲ့သည်။
အဆိုပါအမှုကို တာမွေရဲစခန်းက လက်ခံထားသော်လည်း နောက်ဆက်တွဲ ထူးခြားမှုများ မရှိခဲ့ဘဲ Myanmar Express လည်း ဆက်ရှိနေခဲ့ပါသည်။
ယခုအချိန်တွင်မူ မြန်မာ ဝန်ထမ်း ခန့်အပ် ထားပြီးဖြစ်သည့်အပြင် သုံးစွဲသူများ၏ အချက်အလက်ကို သိရှိနိုင်သော Facebook အနေဖြင့် အကြောင်းအချက် မခိုင်မာဘဲ ပုဂ္ဂိုလ်ရေး အပုပ်ချ ဝါဒ ဖြန့်ချိရေးများ ဆက် လက် လုပ်ဆောင်နေသည့် Myanmar Express အပါအဝင် ဝါဒဖြန့်ချိရေး Facebook Account များကို ဖယ်ရှားရန် လိုအပ်နေပါသည်။
ထိုသို့ ဖယ်ရှားခြင်းမပြုပါက နစ်နာမှုများ အတွက် လျော်ကြေး ရလိုမှုဖြင့် International Law Firm များ၏ အကြံဉာဏ်ဖြင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် တရားရုံးတွင် Facebook ကို တရားစွဲဆိုနိုင်ရန် Eleven Media Group က နည်းလမ်း ရှာဖွေလျက် ရှိကြောင်း သိရသည်။
Myanmar Express က ၎င်းတို့၏ ဝက်ဘ်ဆိုက်ကို ပိတ်လိုက်ပြီး Facebook တွင် တပ်မတော်နှင့် NLD ကို အထင်အမြင် လွဲမှားအောင် National Defence League ဟု အမည်ပြောင်းကာ အပုပ်ချ ဝါဒဖြန့်ချိရေး ဆက်လုပ်နေ















