၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင် တပ်အင်အားတိုးချဲ့ခြင်းနှင့် ထိုးစစ်ဆင်နေမှုများပြုလုပ်နေခြင်းမှာ အစိုးရဘက်မှ တိုက်ပွဲပိုမိုဖြစ်ပွားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သတင်းနှင့်ပြန်ကြားရေးဌာနမှ ဗိုလ်ကြီးမိုင်အိုက်ကျော်က ပြောကြားသည်။
“ရွေးကောက်ပွဲရောက်ပြီဆိုမှ တပ်အင်အားတွေ ပိုတိုးချဲ့လာပြီး ထိုးစစ်ဆင်တယ်ဆိုရင်တော့ အစိုးရဘက်က တိုက်ပွဲတွေပိုပြီးများအောင် ဖန်တီးတဲ့သဘောတော့ရှိတယ်” ဟု ဗိုလ်ကြီးမိုင်အိုက်ကျော်ကဆိုသည်။
စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီတွင် တအာင်းဒေသ တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့နယ် ပန်စံကျေးရွာအနီး၌ အစိုးရတပ်မတော် တပ်မ (၇၇)နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့တပ်ရင်း (၉၈၇) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်အချိန်တွင် တအာင်းဒေသ ကွတ်ခိုင်မြို့နယ် ငေါ့ဌာ ကျေးရွာအနီး၌ အစိုးရတပ်မတော် တပ်မ (၉၉) နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့တပ်ရင်း (၁၁၂) တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။
ထိုသို့တိုက်ပွဲများ ပိုမိုဖြစ်ပွားလာရခြင်းမှာ အစိုးရတပ်မတော်အနေဖြင့် ယခုနှစ်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်တပ်အင်အားကို တိုးချဲ့လာသည့်အပြင် ထိုးစစ်ဆင်မှုများလည်း ပြုလုပ်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာတွေကို ပြန်ကြည့်လို့ရှိရင် အစိုးရစစ်တပ်ဘက်က ထိုးစစ်များလာတယ်။မနှစ်ကဆိုရင် ကျွန်တော်တို့ဒေသမှာ တပ်မ (၇၇) နဲ့ တပ်မ (၈၈) တို့ပဲ ရှိတယ်။ ဒီနှစ်ထဲမှာဆိုရင် တပ်မ (၉၉) တို့၊ တပ်မ (၆၆)၊ တပ်မ (၃၃)တို့က ပြန်တက်လာတယ်။ ဒီလိုတပ်အင်အားတွေ တိုးချဲ့လာတဲ့အတွက် ဒီနှစ်ထဲမှာ တိုက်ပွဲတွေ ပိုများလာတာပါ” ဟု ဗိုလ်ကြီး မိုင်အိုက်ကျော်က ပြောကြားသည်။
ထိုသို့ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် တပ်အင်အားတိုးချဲ့လာခြင်းနှင့် ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်နေမည်ဆိုလျှင် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင်လည်း တိုက်ပွဲများဖြစ်လာနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ရွေးကောက်ပွဲကျင်းပမယ့်နေ့ဆိုပေမယ့် ကျွန်တော်တို့ လှုပ်ရှားမှုကို ထိခိုက်လာမယ်ဆိုလို့ရှိရင် တိုက်ပွဲကတော့ဖြစ်ပွားဖို့ အလားအလာတော့ရှိတယ်။ လုံးဝမဖြစ်နိုင်ဘူးလို့ တော့ပြောလို့မရဘူး။ ကျွန်တော်တို့ရှိတဲ့နေရာကို သူတို့ကထိုးစစ်ဆင်လာမယ်ဆိုလို့ရှိရင် တိုက်ပွဲကဖြစ်မှာပေါ့။ တိုက်ပွဲတွေများ လာလို့ရှိရင်တော့ ရွေးကောက်ပွဲကျင်းပလို့မရတဲ့နယ်မြေအဖြစ် မသတ်မှတ်တောင်မှ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နစ်နာနိုင်တယ်။ လူထုလည်းနစ်နာနိုင်တယ်။ဘာကြောင့်လဲဆိုရင် နယ်မြေမအေးချမ်းတဲ့အတွက် မဲပေးတဲ့နေရာကို သွားပြီးမဲမပေးရဲတာတို့ ပြီးရင်မဲရုံမှာ လူထုက အပြည့်အ၀ မဲမပေးနိုင်တာမျိုးတွေဖြစ်လာနိုင်တယ်။လူထုအနေနဲ့လည်း ကိုယ့်စိတ်ကြိုက်ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်မှာမဟုတ်ဘူး။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း မစည်းရုံးထားတဲ့ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေကလူထုရဲ့ မဲကိုလည်းရနိုင်မှာမဟုတ်ဘူး” ဟု ဗိုလ်ကြီး မိုင်အိုက်ကျော်က ပြောကြားသည်။
၂၀၁၅ခုနှစ် ဇွန်လတွင် တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ပွားခဲ့ကာ ရှစ်လကျော်အတွင်းတိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဒီနှစ်ထဲမှာ တိုက်ပွဲဖြစ်တာ ပိုစိပ်လာတယ်။ ဇွန်လတစ်လတည်းမှာတင် တိုက်ပွဲ ၄၀ ကျော်ဖြစ်ခဲ့တယ်။ အဲဒါ တစ်လတည်းနဲ့ အများဆုံးဖြစ်ခဲ့တာပဲ။ ၂၀၁၅ခုနှစ် ရှစ်လကျော်အတွင်းမှာ အစိုးရစစ်တပ်နဲ့ တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရှစ်လကျော်ပဲရှိတဲ့အချိန်မှာ တိုက်ပွဲပေါင်းက ၂၀၀ ကျော်နေ ပြီ” ဟု ဗိုလ်ကြီးမိုင် အိုက်ကျော်က ပြောကြားသည်။
အစိုးရတပ်မတော်နှင့်တအာင်းလက်နက်ကိုင် တပ်ဖွဲ့အကြား ၂၀၁၄ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲနီးကပ်လာချိန်တွင် တပ်အင်အားတိုးချဲ့ခြင်းနှင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်းမှာ အစိုးရဘက်မှ တိုက်ပွဲပိုမိုဖြစ်ပွားအောင် လုပ်ဆောင်နေခြင်းဖြစ်ဟု TNLA လက်နက်ကိုင်အဖွဲ့ ပြောကြား















