မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်ငံအခြေစိုက် RNSC ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွား

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်ငံအခြေစိုက် RNSC ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွား
Published 9 May 2015
သားရွှေဦး (ကစ္ဆပ)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်ငံအခြေစိုက် RNSC (Rohingya National Solidarity Council) ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့နှင့် တပ်မတော် စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်တစ်လျှောက် လုံခြုံရေး တင်းကျပ်ထားကြောင်း သတင်းရရှိသည်။
 
တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်သည့် မေ ၄ ရက် ညနေပိုင်းက RNSC အဖွဲ့မှ ရှေ့ပြေးအနေဖြင့် အဖွဲ့ငယ်တစ်ဖွဲ့က မြန်မာနယ်စပ် မှတ်တိုင် ၅၂ နှင့် ၅၃ ကြားမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန်နှင့် နယ်စပ်ရှိ နယ်ခြားစောင့်ရဲ နှင့် တပ်မတော်စစ်ကြောင်း အဖွဲ့များအား ချောင်းမြောင်းပစ်ခတ်ရန် ဝင်ရောက်လာစဉ် နယ်စပ်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းနှင့် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါ တိုက်ပွဲတွင် ဘင်္ဂါလီသောင်းကျန်းသူရှေ့ပြေးအဖွဲ့ မှ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး လေးဦးပျောက်ဆုံးကာ ကျန်လူများမှာ  ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်ထွက်ပြေးသွားကြောင်း မြန်မာနိုင်ငံ နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။
 
အဆိုပါအဖွဲ့မှ နယ်စပ်တစ်လျှောက် ဖြန့်ခွဲချထားသော တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲများအား ပြန်လည် ချုံခိုတိုက်ခိုက်ရန် စီစဉ်နေကြောင်း သိရ၍ နယ်စပ်တစ်လျှောက် နယ်ခြားစောင့်ရဲနှင့် တပ်မတော်စစ်ကြောင်းများက လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း သိရသည်။
 
“မေ ၄ ရက် ပစ်ခတ်မှုဖြစ်တာကတော့ အဒူလာဦးစီး  RNSC  အဖွဲ့က အဖွဲ့ခွဲ တစ်ခုကနေ မြန်မာနိုင်ငံကိုဝင်ဖို့  နယ်စပ်လုံခြုံရေးအခြေအနေ လာစုံစမ်းတာမှာ ဖြစ်တာ။ အဲဒီနောက်ပိုင်းတော့ ထပ်ပြီး ဖြစ်ပေါ်တာ မရှိသေးဘူး။ မေ ၁၃ ရက်မှာ ထူးခြားမှုရှိမယ်လို့ သတင်းအရ လုံခြုံရေးတင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားတယ်”ဟု လုံခြုံရေးအဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။  
 

Most Read

Most Recent