အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ရန်အတွက် ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲကို မတ် ၁၇ ရက်မှ စတင်ကာ ရန်ကုန်မြို့၌ ပြုလုပ်လျက်ရှိရာ ဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအနက် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) မှလွဲ၍ ကျန်သည့်အဖွဲ့လေးဖွဲ့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ထို့ပြင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ် မစ္စတာ Wang Yingfan တို့လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။UWSA နှင့် နီးစပ်မှုရှိသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA) အဖွဲ့မှာမူ ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် ကိုယ်စားလှယ်စေလွှတ်ခဲ့ပြီး လေ့လာသူ ကိုယ်စားလှယ်စေလွှတ်ခဲ့သည့် အခြားအဖွဲ့အစည်းများမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)တို့ဖြစ်ကြောင်း သိရသည်။‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ကို ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၏ အစီအစဉ်ဖြင့် ဖိတ်ကြားခဲ့သော်လည်း မည်သည့်အတွက်ကြောင့် တက်ရောက်နိုင်ခြင်း မရှိသေးသည်ကို မသိကြောင်း Myanmar Peace Center မှ တာဝန်ရှိသူတစ်ဦးက မတ် ၁၇ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲပထမနေ့တွင် ပြောကြားသည်။လွန်ခဲ့သည့် နှစ်ပေါင်း ၂၆ နှစ်ကျော်ကတည်းက တပ်မတော်အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) အဖွဲ့အနေဖြင့် ယခုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆောင်ရွက်နေသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်မှု အားနည်းနေခြင်းမှာ ၎င်းတို့ လက်ရှိရရှိထားသော အခွင့်အရေးမှာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်ခြင်းထက် သာလွန်နေသောကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိသည်။NCCT အဖွဲ့ဝင်မဟုတ်သော လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ပြုလုပ်ရာတွင် ပါဝင်ပတ်သက်ရေးသည် အရေးကြီးသည်ဟု NCCT ကိုယ်စားလှယ်များက ပြောကြားထားသည်။‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA) တို့၏ ရပ်တည်မှု အပါအဝင် အဖွဲ့ဝင်များစွာနှင့် တစ်ဖွဲ့ချင်းစီ၏ ကွဲပြားမှုများ ရှိနေခြင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန်အတွက် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်သည်ဟု ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ပြောကြားထားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲသို့ NCCT အဖွဲ့ဝင် မဟုတ်သည့် အဖွဲ့အစည်းများအနက် ‘ဝ’ အဖွဲ့မှလွဲ၍ ကျန်လေးဖွဲ့ လေ့လာသူအဖြစ် တက်ရောက်















