ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၅ ပွိုင့်အထက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၇၅ ကျပ်အထိ ကျဆင်း

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၅ ပွိုင့်အထက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၇၅ ကျပ်အထိ ကျဆင်း
Published 24 October 2018
စည်သူအောင်

အောက်တိုဘာ ၂၄ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၅ ပွိုင့်အထက် ဆက်ရှိပြီး ပြည်တွင်းစျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၇၅ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းများမှာ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်၊ သြဂုတ်တွင် ၉၆ ဒသမ ၈၅ ပွိုင့်ဝန်းကျင် ဖြစ်ခဲ့သည်။ စက်တင်ဘာ ၁၇ ရက်တွင် ၉၅ ပွိုင့်အောက်၊ စက်တင်ဘာ ၂၁ ရက်တွင် ၉၄ ပွိုင့်အောက် ကျဆင်းခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ၉၄ ပွိုင့်အထက်၊ အောက်တိုဘာ ၂ ရက်တွင် ၉၅ ပွိုင့်အထက်၊ အောက်တိုဘာ ၁၇ ရက်တွင် ၉၅ ပွိုင့်အထက် မြင့်တက်ခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက်တွင် ကျပ် ၁၅၆၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ ဆက်တက်ခဲ့သည်။ အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၈ ရက်တွင် ၁၅၃၅ ကျပ်၊ အောက်တိုဘာ ၉ ရက်တွင် ကျပ် ၁၅၇၀၊ အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် ၁၅၇၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစျေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀၊ စက်တင်ဘာတွင် ၁၅၃၈-၁၆၅၀ တို့ဖြစ်ပြီး သြဂုတ်တွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။ အောက်တိုဘာ ၂၂ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၅၄၃ ဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်စျေးထက် နှစ်ကျပ်တိုးမြှင့် သတ်မှတ်ခဲ့သည်။