စာချုပ်သက်တမ်း(၃)နှစ်ကျန်သော်လည်း ရူဒီဂါကိုချယ်လ်ဆီး စာချုပ်သစ်ချုပ်ဆိုမည်

စာချုပ်သက်တမ်း(၃)နှစ်ကျန်သော်လည်း ရူဒီဂါကိုချယ်လ်ဆီး စာချုပ်သစ်ချုပ်ဆိုမည်
Published 24 October 2018

 

ချယ်လ်ဆီးအသင်းသည် အသင်း၏ဂျာမနီလက်ရွေးစင်နောက်ခံလူ ရူဒီဂါအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။ ရူဒီဂါသည် လက်ရှိ ချယ်လ်ဆီးအသင်းတွင် တစ်ပတ်လစာ ပေါင်(၁)သိန်းခန့် ရရှိနေသူဖြစ်ပြီး သူ၏ စာချုပ်သက်တမ်းမှာ (၃)နှစ်ကျော်ကျန်ရှိနေသေးသည်။

ရူဒီဂါသည် လက်ရှိအသင်းနည်းပြ ဆာရီ၏လက်အောက်၌ ခြေစွမ်းပြကစားနေသဖြင့် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ၎င်းအား အသင်းတွင် ရေရှည်ရှိစေရန်အတွက် လစာငွေတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဟာဇက်၊ ကော်တိုအာ အစရှိသည့်ကစားသမားများအား စာချုပ်သစ်စောစောစီးစီးမချုပ်ဆိုခဲ့သဖြင့် ၎င်းတို့အား ထိန်းသိမ်းရန် ခက်ခဲသောအခြေအနေများကို ကြုံတွေ့ခဲ့ရရာ ရူဒီဂါကိုလည်း ယင်းကဲ့သို့ မဖြစ်ပေါ်စေရန် စီစဉ်နေခြင်းဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent