စီရော်နယ်လ်ဒို ဦးဆောင်တဲ့ ၂၀၂၃ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမား (၅)ဦး (Life)

စီရော်နယ်လ်ဒို ဦးဆောင်တဲ့ ၂၀၂၃ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမား (၅)ဦး (Life)
Photos: Twitter
Photos: Twitter
Published 18 October 2023
AK

Forbes မဂ္ဂဇင်းက ၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းကို အောက်တိုဘာ (၁၃) ရက်မှာ ကြေညာလိုက်ပါတယ်။ ဘောလုံးသမားတစ်ဦးရဲ့ဝင်ငွေနဲ့လစာဟာအသေးစိတ် အတိအကျမသိနိုင်သလို၊ ကလပ်အသင်းနဲ့ ဘောလုံးသမားကြား မမြင်နိုင်တဲ့ နားလည်မှုကြောင့်လည်း တကယ်ရတဲ့ပမာဏဟာ ခန့်မှန်းရခက်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကစားသမားတွေရဲ့လစာပမာဏဟာ အဆမတန်ပေါက်ကွဲထွက်လာတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် နာမည်နည်းနည်းရတဲ့ ကစားသမားတစ်ဦးရဲ့ အခြေခံလစာဟာ ပေါင်နှစ်သိန်းဝန်းကျင်ဖြစ်နေပါပြီ။ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးမှာတော့ လစာငွေဟန်ချက် မညီမျှတာတွေ မြင်နေရတယ်။ ထိပ်တန်းကစားသမားတွေနဲ့ တခြားကစားသမားတွေကြား လစာငွေ ပမာဏဟာ အတော်လေးကွာခြားနေတာပါပဲ။ ဆော်ဒီလိဂ်ကြောင့်လည်း ကစားသမားတွေရဲ့လစာ ငွေပမာဏဟာ ဒုံးပျံလို မြင့်တက်လာတယ်။ လစာအပြင် တခြားခံစားခွင့်တွေနဲ့လည်း ဆော်ဒီလိဂ်က ကစားသမားတွေကို ဆွဲဆောင်ထားပါတယ်။ တကယ်လို့များ ဆော်ဒီလိဂ်သာအခုထက် ပိုကျော်ကြားပြီး ကလပ်အသင်းတွေရဲ့အဆင့်အတန်းပို မြင့်မားလာမယ်ဆိုရင်ဥရောပကြယ်ပွင့်ကစားသမားတွေ အခုထက်ပိုပြီးဆော်ဒီလိဂ်ဆီ စီးဆင်းနေလိမ့်မယ် . . .

 

Most Read

Most Recent