ဗာရန်းနှင့် ကက်စီမီရိုတို့သည် ပရီးမီးယားလိဂ်တွင် ကစားနိုင်သည့် စွမ်းရည်မရှိတော့ကြောင်း မန်ယူနည်းပြအဖွဲ့ဟောင်း မူလန်စတင် သုံးသပ်

ဗာရန်းနှင့် ကက်စီမီရိုတို့သည် ပရီးမီးယားလိဂ်တွင် ကစားနိုင်သည့် စွမ်းရည်မရှိတော့ကြောင်း မန်ယူနည်းပြအဖွဲ့ဟောင်း မူလန်စတင် သုံးသပ်
Photo : Getty Images
Photo : Getty Images
Published 12 October 2023

မန်ယူနည်းပြအဖွဲ့ဝင်ဟောင်း မူလန်စတင်က အသင်းနောက်ခံလူ ဗာရန်းနှင့် ကွင်းလယ်ကစားသမား ကက်စီမီရိုတို့သည် ကြံ့ခိုင်မှုကို အသားပေးသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားနိုင်သည့် ခန္ဓာကိုယ်စွမ်းရည် မရှိတော့ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ခက်ခဲသည့် ရာသီအစနှင့် ရင်ဆိုင်နေရပြီး ယခုရာသီအစ ပြိုင်ပွဲစုံ (၁၁) တွင် (၆) ပွဲအထိ ရှုံးနိမ့်ထားသဖြင့် အသင်းနည်းပြ တန်ဟက်ဂ်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် လိဂ်ဖလားရရှိခဲ့ပြီး ပရီးမီးယားလိဂ်တွင် အဆင့် (၃) ရအောင် စွမ်းဆောင်နိုင်ခဲ့သည့် မန်ယူကစားသမားအများစုသည် ယခုရာသီတွင် ခြေစွမ်းကျဆင်းနေပြီး မန်ယူအသင်းမှာလည်း ရလဒ်ကောင်းရန် ရုန်းကန်နေရသည်။

မူလန်စတင်သည် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မန်ယူအသင်းတွင် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်၏ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဗာရန်းနှင့် ကက်စီမီရိုတို့သည် ယခုရာသီတွင် ဆိုးရွားစွာ ရုန်းကန်နေရကြောင်း ပြောကြားခဲ့သည်။

မူလန်စတင်က ဗာရန်းနှင့် ကက်စီမီရိုတို့အနေဖြင့် ပရီးမီးယားလိဂ်တွင် ကစားနိုင်သည့် ခန္ဓာကိုယ်ကြံ့ ခိုင်မှုမရှိတော့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မူလန်စတင်က "မန်ယူမှာ လိုအပ်ချက်တွေရှိနေတယ်။ ဗာရန်းက ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းကို မလိုက်နိုင်တော့ဘူး။ ပရီးမီးယားလိဂ်က ပေါက်ကွဲအားကောင်းပြီး တစ်နာရီ ကီလိုမီတာ (၁၀၀) နှုန်းလောက်နဲ့ ကစားနေတာပါ။ ဒါက မန်ယူအတွက် ပြဿနာပဲ။ မန်ယူ ကွင်းလယ်အနေနဲ့ အဲဒီအမြန်နှုန်းကို ထိန်းနိုင်တဲ့ခွန်အား မရှိပါဘူး။ အဲဒီမှာ ခံစစ်က ဒုက္ခ ရောက်တော့တာပါပဲ။ တန်ဟက်ဂ်က အေဂျက်စ်မှာတုန်းကလို ပြင်းအားအပြည့်နဲ့ ကစားချင်တယ်။ ဒါပေမဲ့ မန်ယူမှာ အဲဒီလိုလုပ်နိုင်တဲ့သူ မရှိပါဘူး။ ဥပမာအနေနဲ့ ကက်စီမီရိုဆိုရင် တန်ဟက်ဂ် လိုချင်တဲ့အတိုင်း မကစားနိုင်တော့ပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် မူလန်စတင်က တန်ဟက်ဂ်အနေဖြင့် လိုချင်သည့်ကစားသမားများကို ခေါ် ယူထားသည့်အသင်းကို ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးရန် တာဝန်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent