မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘေးအိမ်ပါထိမှန်ပြီး ပျက်စီးမှုများဖြစ်ပွား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘေးအိမ်ပါထိမှန်ပြီး ပျက်စီးမှုများဖြစ်ပွား
Published 2 October 2023

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု အောက်တိုဘာ ၂ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက် ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ စော်ဘွားဝန်းအတွင်းရှိ အာရ်စီနှစ်ထပ်တိုက် ခေါင်မိုးပေါ်သို့ လက်နက်ကြီးဟုယူဆရသည့် ကျည်ကျရောက်ထိမှန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါလက်နက်ကြီးကျည်ထိမှန်မှုကြောင့် ထိမှန်သည့် အိမ်ခေါင်မိုးပြိုကျပျက်စီးခဲ့သလို ဘေးကပ်လျက်အိမ်မှာလည်း အိမ်ခေါင်မိုး၊ အိမ်သာများပျက်စီးပြိုကျခဲ့ပြီး ရပ်ထားသည့် Toyota Ractics အပါအဝင် အိမ်ရှေ့ဓါတ်တိုင်ရှိ မီးကြိုးများပြုတ်ကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါလက်နက်ကြီးထိမှန်သည့် အိမ်မှာမူ အိမ်ရှင်များလတ်တလောနေထိုင်ခြင်းမရှိသည့်အတွက် လူထိခိုက်ဒဏ်ရာရရှိမှုများမရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 

Most Read

Most Recent