နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးခေါင်းဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပမည့် အဋ္ဌမအကြိမ်မြောက်အရှေ့ ဖျား စီးပွားရေးဖိုရမ်သို့တက်ရောက်ရန် စက်တင် ဘာ ၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရုရှားနိုင်ငံသို့ထွက်ခွာသွား ကြောင်းသိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဌာနများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ်တို့ လိုက်ပါကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းသမ္မတအကြံပေး ဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီအမှုဆောင် အတွင်းရေးမှူး မစ္စတာအန်တွန်ကိုဘရာကော့၏ ဖိတ်ကြားမှုအရ ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် အဋ္ဌမ အကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့မှ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက် ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရသည်။















