အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမြင့်လွင်သည် မကြာသေးမီက တာဝန်ပြီးဆုံး၍ အီဂျစ်နိုင်ငံသို့ ပြန်လည်ရောက်ရှိနေသာ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီး Ambassador Sherif Salah Eldin Elleithy အား ၎င်း၏ မေတ္တာရပ်ခံချက်အရ သြဂုတ် ၂၀ ရက်တွင် ကိုင်ရိုမြို့ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ၎င်းက မြန်မာ-အီဂျစ်အစိုးရနှင့် ပြည်သူများအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။