၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ၂၆၄ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၅ သန်းကျော် လျော့ကျ

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ၂၆၄ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၅ သန်းကျော် လျော့ကျ
၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
Published 15 August 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိသုံးလအတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှ ဒေါ်လာ၂၆၄ သန်းကျော်ရရှိခဲ့ပြီးယခင်နှစ် ကာလတူထက် ဒေါ်လာ ၃၅ သန်းကျော် လျော့ကျခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားချက်အရ သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလအတွင်းပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ ၂၆၄ ဒသမ ၃ သန်းရရှိခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှဒေါ်လာ ၂၂၉ ဒသမ  ၁ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြည်ပသို့ဆန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၅ ဒသမ ၂ သန်း လျော့ကျခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ဆန်တန်ချိန် ၂၆၃၉၀ ကျော်တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၉၅၀ ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၁၃ သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၂၆၃၉၀ ကျော်တင်ပို့ခဲ့သည်။ ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၉၅၀ ကျော် တင်ပို့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၂၀ ကျော်တင်ပို့ခဲ့သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၄၇၇၀ ကျော်၊ တူကီယေးနိုင်ငံသို့ ဆန်တန်ချိန် ၄၃၆၀၊ စပိန်နိုင်ငံသို့ဆန် ၃၂၂၅ တန်၊ ဘယ်ယ်ဂျီယံနိုင်ငံသို့ ဆန် ၂၃၇၅ တန်၊ ဂျာမနီနိုင်ငံသို့ဆန် ၁၉၃၅ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ဆန်တန်ချိန် ၁၁၉၀ ကျော်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀၀၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀၀၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၀၊ ဟန်ဂေရီနိုင်ငံသို့ ဆန်တန်ချိန် ၈၀၀၊ ယူနိုက်တက်ကင်းဒမ်းသို့ ဆန် ၆၇၅ တန်၊ ချက်နိုင်ငံသို့ဆန် ၅၁၄ တန်၊ ဂရိနိုင်ငံသို့ ဆန် ၃၇၅ တန်၊ လက်ဘနွန်နိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန် ၁၂၅ တန်နှင့် အခြားဥရောပနိုင်ငံများသို့လည်း အနည်းငယ်တင်ပို့ခဲ့သည်။

အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံသို့ ဆန် ၁၀၄၅ တန်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၂၃၀ ကျော်၊ စင်ကာပူနိုင်ငံသို့ဆန် ၉၈ တန်ကျော်နှင့် သြစတြေးလျနိုင်ငံသို့ ဆန်တန်ချိန် ၅၀ တင်ပို့မှုရှိခဲ့သည်။

အဆိုပါကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှဒေါ်လာ သုည ဒသမ ၆၀၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၃၀၀ ကျော် တင်ပို့ခဲ့သည်။ ဇွန်လအတွင်း နည်းလမ်းနှစ်သွယ်မှ ဆန်တန်ချိန် ၂၇၆၉၀ ကျော်တင်ပို့ပြီး တန်ဖိုးဒေါ်လာ ၁၃ ဒသမ ၆၀၂သန်းကျော်ရရှိခဲ့သည်။ ယခင်လဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၁၅၀၀၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင် တတိယပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၆၀၄၀ ကျော်တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၀၉၇ ဖြင့် အများဆုံးတင်ပို့ခဲ့သည်။

ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ဒေါ်လာ ၃ ဒသမ ၀၅၂ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၆၀၄၀ ကျော် တင်ပို့ခဲ့သည်။

ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် ၄၀၉၇ တန်နှင့် အာရှနိုင်ငံများသို့ ဆန် ၁၉၅၀ ခန့်တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင် နိုင်ငံများအနက် ဆန်တင်ပို့သောနိုင်ငံများမှာ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန် ၇၉၄ တန်၊ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၆၀၀၊အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၅၅၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန်၅၀၀၊ နယ် သာလန်နိုင်ငံသို့ ဆန် ၃၇၅တန်၊ တူကီယဲ နိုင်ငံသို့ ဆန်တန်ချိန်၂၅၀၊ ပိုလန်နိုင်ငံသို့ ဆန် ၁၂၅ တန်၊လစ်သူရေးနီးယားနိုင်ငံသို့ ဆန် ၁၂၅တန်၊ ချက်နိုင်ငံသို့ ဆန် ၁၄၇ တန်၊

ဂျာမနီနိုင်ငံသို့ဆန် ၁၀၄ တန်နှင့် ဂရိနိုင်ငံသို့ ဆန် ၂၅ တန် တင်ပို့ခဲ့သည်။အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင် နိုင်ငံသို့ ဆန်တန်ချိန် ၁၈၂၀ နှင့် ဟောင်ကောင်သို့ ဆန် ၁၂၉ တန်ကျော်တင်ပို့သည်။

ဇူလိုင် တတိယပတ်တွင် မြန်မာတရုတ် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ သုည ဒသမ ၀၈၉ သန်းတန်ဖိုးရှိ ဆန် ၁၉၉ တန် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု တန်ချိန် ၆၂၄၀ ကျော်ရှိပြီး တန်ဖိုးဒေါ်လာ သန်း ၃ ဒသမ ၁၄၁သန်း ရရှိခဲ့သည်။

Most Read

Most Recent