မင်္ဂလာတောင်ညွှန်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး ပန်းဆိုးတန်းခုံးကျော်တံတားအောက်ရှိ မြန်မာ့မီးရထားပိုင် ၀ ဒသမ ၂၅၅ ဧကပေါ်တွင် Mini Mart ၊ Food Court နှင့် Sport Bar လုပ်ငန်းများမှ လုပ်ငန်းတစ်ခု (သို့မဟုတ်) လုပ်ငန်းနှစ်ခုအား ငါးနှစ်သက်တမ်းငှားရမ်းလုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

မင်္ဂလာတောင်ညွှန်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး ပန်းဆိုးတန်းခုံးကျော်တံတားအောက်ရှိ မြန်မာ့မီးရထားပိုင် ၀ ဒသမ ၂၅၅ ဧကပေါ်တွင် Mini Mart ၊ Food Court နှင့် Sport Bar လုပ်ငန်းများမှ လုပ်ငန်းတစ်ခု (သို့မဟုတ်) လုပ်ငန်းနှစ်ခုအား ငါးနှစ်သက်တမ်းငှားရမ်းလုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ
Published 15 August 2023

မင်္ဂလာတောင်ညွှန်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး ပန်းဆိုးတန်း ခုံးကျော်တံတားအောက်ရှိ မြန်မာ့မီးရထားပိုင် ၀.၂၅၅ ဧကပေါ်တွင် Mini Mart ၊ Food Court နှင့် Sport Bar လုပ်ငန်းများမှ လုပ်ငန်းတစ်ခု(သို့မဟုတ်) လုပ်ငန်းနှစ်ခုအား ငါးနှစ်သက်တမ်း ငှားရမ်းလုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ ထားကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများအား ငါးနှစ်သက်တမ်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ကို မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာ၊ စခန်းသာဧည့်ခန်းမဆောင်၌ သြဂုတ် ၃၁ ရက်တွင် စျေးပြိုင်စနစ်ဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူဆောင်ရွက်သွား မည်ဖြစ်သည်။ တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူများမှ တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာ တစ်စုံလျှင် ကျပ်သုံးသောင်းဖြင့် ဝယ်ယူနိုင်မည်ဟု သိရသည်။

ယင်းပြင် ရန်ကင်းမြို့နယ် ဘောက်ထော်ဘူတာယာဒ်ဝင်းအတွင်းရှိ မြန်မာ့မီးရထားပိုင် မြေအကျယ်အဝန်း ၀.၁၅၈၇ ဧကနှင့် ယင်း မြေပေါ်ရှိ  RC2ထပ် အဆောက်အဦစုစုပေါင်း ကြမ်းခင်းဧရိယာ ၄၆၄.၆၈၄ စတုရန်းမီတာအားဆေးခန်း၊ ရုံးခန်း၊ သင်တန်းကျောင်းတစ်ခုခုလုပ်ကိုင်ခွင့်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့  ၅နှစ်သက်တမ်းငှားရမ်း လုပ်ကိုင်ခွင့်ကို သြဂုတ် ၃၁ ရက်တွင် စျေးပြိုင်လေလံစနစ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူများမှ တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြု လွှာတစ်စုံလျှင် ကျပ်နှစ်သောင်းဖြင့်ဝယ်ယူနိုင်မည်ဟု သိရသည်။

မြန်မာ့မီးရထားက လမ်းခင်းကျောက် ၄၅၀၀ ကျင်းအား ပဲခူးဘူတာနှင့် ဘုရားကြီးဘူတာအရောက် ဝယ်ယူရန်နှင့် လမ်းခင်းကျောက် ၂၆၇ ကျင်းအား အင်တောကျယ် ဘူတာအရောက်ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတင်ဒါများအား သြဂုတ် ၂၅ ရက်တွင် ပိတ်မည်ဖြစ်ပြီး တင်ဒါပုံစံများကို သြဂုတ် ၁၁ ရက်မှစတင်ကာ ရုံးချိန်အတွင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့်လုပ်ငန်းများဖြစ်သည့် ဥက္ကလာပဘူတာနှင့် သမိုင်းမြို့သစ် ဘူတာအသစ်တည် ဆောက်ခြင်းအပါအဝင် လုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည်။

အဆိုပါလုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တင်ဒါပုံစံများကို ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်းနှင့် ၅၁ လမ်း ထိပ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ဇူလိုင် ၂၄ ရက်မှ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့် တင်ရေးစီမံကိန်းတွင် ပါဝင်သည့်လုပ်ငန်းများဖြစ်သည့် အောင်ဆန်း၊ ကမာရွတ်၊ အုတ်ကျင်း၊ ဖော့ကန်၊ သမိုင်းနှင့် တာမွေဘူတာအသစ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားပြီးဖြစ်သည်။

မြန်မာ့မီးရထားက အမြန်လူစီးရထားခရီးစဉ် ၁၈ ခု၊ စာပို့ရထားခရီးစဉ် ၁၂ ခု၊ လူစီးကုန်တင်ရထားရီးစဉ် ရှစ်ခုအပြင် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် ၃၀ စုစု ပေါင်း ရထားခရီးစဉ် ၆၈ ခုဖြင့် ရထားခရီးစဉ် များ ပြေးဆွဲနေကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားက နယ်ဝေးရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-မော်လမြိုင် ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့်ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent