မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာ မြို့နယ် တောင်ပြုံးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့ သော သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့် ဆုတောင်းရမြတ်စွာဘုရား ဗုဒ္ဓ ပူဇနိယဆွမ်း တော်ကြီးလောင်းလှူပွဲ နင့် တောင်ပြုံး အရှင် နှစ်ပါးပွဲတော်ကို ၀ါခေါင်လဆန်း ၈ ရက်နေ့ မှ ၁၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု တောင်ပြုံးကျေးရွာ ပွဲ တော်ကျင်းပရေး ကော်မတီဝင် တစ်ဦးက ပြောကြားခဲ့သည်။
“တောင်ပြုံးပွဲတော်က ၀ါခေါင်လဆန်း ၈ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ ကျင်းပ ပါမယ်။ လပြည့်နေ့ကြ ဘုရားဆွမ်းလောင်း လှူပွဲ ရှိတယ်။တောင်ပြုံး မင်းနှစ်ပါး ချိုးရေ တော်သုံးမှာက ၀ါခေါင်လဆန်း ၁၁ ရက်နေ့ ကျန်တဲ့ ရက်တွေ ယုန်ထိုး ထိန်ခုတ်တို့သူနဲ့ သက်ဆိုင်တဲ့ရက်တွေမှာကျင်းပပါမယ်။ ၁၄ ရက်နေ့က ယုန်ထိုး ရှိပါတယ်။ ၁၅ရက်နေ့က ထိန်ခုတ်ပွဲပေါ့။ ၀ါခေါင်လပြည့်နေ့ ဘုရား ပွဲဆွမ်းလောင်းပွဲ ကျင်းပမယ်။ လပြည့်ကျော် ၁ ရက်နေ့ ပွဲတော်ကျင်းပပြီးပြီ ”ဟု တောင်ပြုံး ကျေးရွာ ပွဲတော်ကျင်းပရေး ကော်မတီဝင် တစ်ဦးက ပြောကြားသည်။
အဆိုပါ သမိုင်းဝင် တောင်ပြုံး ဆု တောင်းပြည့် ၊ ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို သြဂုတ် ၂၄ ရက်မှ သြဂုတ် ၃၁ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း၊ ယခင် တောင်ပြုံး ပွဲတော် ကို မြန်မာတစ်နိုင်ငံလုံးရှိ ရိုးရာဓလေ့ ကိုး ကွယ်သူဦးရေ အများအပြား လာရောက်မှု ရှိခဲ့ပြီး တောင်ပြုံးပွဲတော် ကို ကိုဗစ်-၁၉ ကာ လက ပွဲတော်ကျင်းပမှု ရပ်နားထားခဲ့ပြီး ရိုးရာ ဓလေ့အနေဖြင့် အရှင်နှစ်ပါးပွဲတော် အကျဉ်း ချုံး ကျင်းပခဲ့ကြောင်းသိရသည်။















