အခွန်ရှောင်မှုများမရှိစေရေး စနစ်တကျစစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်နှင့် မြေများ စျေးကစားမှုမရှိစေရေးနှင့် စနစ်တကျရှိစေရေး လယ်ယာမြေဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ ပြောကြား

အခွန်ရှောင်မှုများမရှိစေရေး စနစ်တကျစစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်နှင့် မြေများ စျေးကစားမှုမရှိစေရေးနှင့် စနစ်တကျရှိစေရေး လယ်ယာမြေဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ ပြောကြား
သြဂုတ် ၉ ရက်ကကျင်းပသည့် အစည်းအဝေးတွင် အမှာစကားပြောကြားနေသည့် နစကဥက္ကဋ္ဌအား တွေ့ရစဉ်
သြဂုတ် ၉ ရက်ကကျင်းပသည့် အစည်းအဝေးတွင် အမှာစကားပြောကြားနေသည့် နစကဥက္ကဋ္ဌအား တွေ့ရစဉ်
Published 10 August 2023

အခွန်ရှောင်မှုများမရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျစစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်နှင့် မြေများ စျေးကစားမှုမရှိစေရေးနှင့် စနစ်တကျရှိစေရေး လယ်ယာမြေဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား နစကဥက္ကဋ္ဌ တွေ့ဆုံအမှာစကားပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက အခွန်ဆောင်မှုနှင့်ပတ်သက်၍ အခွန်ရှောင်မှုများမရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျစစ်ဆေးကြပ် မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မြေများစျေး ကစားမှုမရှိစေရေးနှင့် စနစ်တကျရှိစေရေး လယ်ယာမြေဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ နိုင်ငံ့ဝင်ငွေ တိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြင့်မားတိုးတက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီး ပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးအနေဖြင့် အမှန်တကယ်အောင်မြင်မှုရှိစေရေး၊ နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေး လက် တွေ့ကျကျဖြင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့ပြင် မြေယာအသုံးချမှုကိစ္စရပ်များနှင့် ပတ်သက်၍ စိုက်ပျိုးမြေများ ထိခိုက်လျော့ နည်းမှုမရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ စနစ်တကျလည်ပတ်ဆောင်ရွက်နေရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်နေရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း ၀ိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးရန်လိုပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများအားလုံး လည်ပတ်နိုင်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ MSME ကုန်ထုတ်လုပ်ငန်း များဆောင်ရွက်ရာတွင် လိုအပ်သည့် ကုန်ကြမ်းအတွက် သေချာခိုင်မာသည့် ဒေသ တွင်းနှင့် ပြည်တွင်းမှထွက်ရှိသော ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အဓိကထားဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကာ ဒေသ၏လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက်  MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ် သည့် ခရီးသွားလုပ်ငန်းသည်လည်း မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသ တွင်းသို့ ပြည်တွင်း၊ ပြည်ပမှခရီးသွားများ ဝင်ရောက်ခြင်းဖြင့် ဒေသအကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သောကြောင့် အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် ဒေသအလိုက် သန့်ရှင်းသာယာလှပမှုရှိစေရေး၊ တည်းခိုနေထိုင်ရေး၊ ဒေသအစားအစာများ၊ ဒေသထွက်လက်ဆောင်ပစ္စည်းများရောင်းချနိုင်ရေး၊ ဝန်ဆောင်မှုအ ပြည့်အဝပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်းများသည်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖြစ်ပေါ်စေနိုင်ကာ တစ်ဦးချင်းစီ၏ ဝင်ငွေကို တိုးတက်စေနိုင်သည်ဖြစ်သောကြောင့် အားပေးဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အလုပ်အကိုင်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများ များပြားလျက်ရှိခြင်းကြောင့် နိုင်ငံအ တွင်းရှိ အချို့နေရာဒေသများတွင် လုပ်သားအင်အားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို အားပေးဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသားများ အား မိမိတို့၏ နိုင်ငံတွင်း၌ပင် နိုင်ငံတော်၏အရိပ်အာဝါသအောက်၌ လုံခြုံစွာဖြင့်အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။