အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပခဲ့ပြီး လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သဖြင့် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကြေညာထားမှုကို ခြောက်လသက်တမ်း ထပ်မံတိုး

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပခဲ့ပြီး လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သဖြင့် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကြေညာထားမှုကို ခြောက်လသက်တမ်း ထပ်မံတိုး
Published 31 July 2023

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယနေ့(ဇူလိုင် ၃၁ ရက်)တွင် ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးသို့ ယာယီသမ္မတဦးမြင့်ဆွေ၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဥပရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ခြောက်လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်များနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြမှုများပြုလုပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှင်းလင်းတင်ပြမှုများတွင် လုံခြုံရေးရေးအရ ရွေးကောက်ပွဲကျင်းပရာတွင် နယ်မြေဒေသများ အပြည့်အဝမဆောင်ရွက်နိုင်သေးမှုနှင့် ရွေးကောက်ပွဲကျင်းပ၍ ရနိုင်သည့်ဒေသများတွင် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ရွေးကောက်ပွဲကျင်းပနိုင်သည့် မဲဆန္ဒနယ်သည် ယခင်ရွေးကောက်ပွဲများထက် ပိုမိုလျော့နည်းပြီး မဲဆန္ဒရှင်များအတွက် ကိုယ်စားပြုမှုမရှိနိုင်သည့်အခြေအနေများ၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအား ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို အကျယ်တဝင့်ရှင်းလင်းပြီး နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာထားမှုကို ထပ်မံသက်တမ်းတိုးရန် တင်ပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မဲဆန္ဒရှင်ပြည်သူအားလုံးကို အေးချမ်းလုံခြုံစွာ မဲပေးနိုင်ခွင့်ရှိရေး ဆောင်ရွက်ပေးရမည်မှာ အစိုးရတာဝန်ဖြစ်သကဲ့သို့ မဲပေးခြင်း၊ မဲမပေးခြင်းမှာ ပြည်သူတစ်ဦးတစ်ယောက်ချင်း၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါကြောင်း၊ မဲမသမာမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက် မိမိတို့အစိုးရအဖွဲ့ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မိမိတို့အစိုးရက တာဝန်ယူကျင်းပရသည့် ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးသည့် အဆုံးအဖြတ်ပေးမည့်ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လက်ထက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲပေးသည့် နေရာတွင် လုံခြုံမှုရှိရန်၊ မဲစာရင်းမှန်ကန်ရန် အဓိကထားဆောင်ရွက်ရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ချက်များထဲမှ အားနည်းချက်ဖြစ်ပေါ်ခဲ့ပါက မိမိတို့တပ်မတော်ကို ပြည်သူလူထုအနေဖြင့် အပြစ်မြင်လာမည်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့် ရွေးကောက်ပွဲကို အလောတကြီး စောလျင်စွာ ဆောင်ရွက်၍မရဘဲ စနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် အချိန်တစ်ခုအထိမိမိတို့အနေဖြင့် ဆက်လက်တာဝန်ယူဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီအရေးကိုရှေးရှုပြီး ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်ပြီး အခင်းအကျင်းသည်နှစ်ခု ထွက်ပေါ်လာနိုင်ပါကြောင်း၊ ပထမတစ်ခုမှာ လတ်တလောလက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည့် ဒေသများကိုချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဒုတိယတစ်ခုအနေဖြင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပထမဖြစ်ပေါ်လာနိုင်သည့် အခင်းအကျင်းဖြစ်သည့် တည်ငြိမ်မှုအားနည်းနေဆဲဒေသများကိုချန်လှပ်ပြီး ကျန်ဒေသများတွင် ရွေးကောက်ပွဲကိုကျင်းပပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျင်းပခဲ့သည့် ၃၁၅ မြို့နယ် ထက်ပိုမို၍ကျင်းပနိုင်မည့်မြို့နယ်အရေအတွက် နည်းပါးသွားနိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမပြုလုပ်နိုင်ခဲ့သည့် တိုင်းရင်းသားဒေသများ၏ မကျေနပ်မှုများကိုလည်း တွေ့မြင်ရပြီးဖြစ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များ၌ ရှိသည့် ပြည်သူလူထုသည် ၎င်းတို့၏ မူလအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်နှင့် ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒဖော်ထုတ်နိုင်မှု အခွင့်အရေးများဆုံးရှုံးမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုလုံးအလိုက် ရွေးကောက်ပွဲမကျင်းပနိုင်သည်ထက်စာပါက လုံခြုံမှုရှိသည့် နေရာများတွင် ကျင်းပပေးနိုင်ရန်လည်း စဉ်းစားဆောင်ရွက်သင့်ကြောင်း၊ ထို့ပြင်ရွေးကောက်ပွဲကျင်းပမှုမှ ချန်လှပ်ခဲ့သည့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်ခေါ်ယူရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းခြင်းစသည့် ကိစ္စရပ်များတွင် အားနည်းချက်များဖြစ်လာမှာဖြစ်သလို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့တွင်လည်း အလားတူဒေသကိုယ်စားပြုသည့် ကိုယ်စားလှယ် ပါဝင်မှုမရှိခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းရာတွင် အားနည်းချက်များဖြစ်ပေါ်လာနိုင်ခြင်း စသည့်အကျိုးဆက်များကို ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအမြင်၊ ပြည်သူလူထုအမြင်တွင် လွှတ်တော်ကိုမဖြစ်ဖြစ်အောင် ခေါ်သည်ဆိုသည့် အနေအထားကို ရောက်ရှိ သွားနိုင်ပါကြောင်း၊ ဒုတိယဖြစ်ပေါ်လာနိုင်သည့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရွေးကောက်ပွဲကျင်းပပါက ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ဆက်လက်တင်ပြလိုကြောင်း၊ အဓိကအားဖြင့် လက်နက်ကိုင်ဆန့်ကျင်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့်ဒေသများတွင် လက်နက်အားကိုး ခြိမ်းခြောက်ပြီး မဲပေးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ အကြမ်းဖက်ဗုံးဖောက်ခွဲခြင်း၊ တိုက်ခိုက်ခြင်း၊ အကြမ်းဖက်သမားများ လိုလားသည့်သူများကို ခြိမ်းခြောက်မဲထည့်စေခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရလဒ်အနေဖြင့် မဲဆန္ဒရှင်များ ကိုယ်တိုင်မဲပေးရွေးချယ်သည့်ရာနှုန်းကျဆင်းခြင်း၊ အကြမ်းဖက်အားပေး လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးကို ရောက်ရှိလာခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှုကို ပိုမိုဆိုးရွားလာစေနိုင်ပါကြောင်း၊ ထိုသို့သော အခြေအနေများ ဖြစ်ပေါ်လာမှုမရှိစေရေးအတွက် လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အရေးတကြီးလို အပ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထိုသို့ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခင်းအကျင်းနှစ်ခုလုံးအတွက် အဓိကလိုအပ်ချက်များကို သုံးသပ်လေ့လာကြည့်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပရန်၊ မဲပေးရွေးချယ်မည့် မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် အမှီအခိုကင်းကင်း၊ အကြောက်တရားကင်းကင်းဖြင့် မဲပေးရွေးချယ်နိုင်ရန်၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်ဆိုသည့် အဓိကအကြောင်း အရာများကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ကျင်းပပေးရမည့် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲ (General Election)ဖြစ်ကြောင်း၊ နိုင်ငံအတွက် အရေးကြီးသည့် နိုင်ငံရေးအဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည့်အတွက် အားလုံးကအထူးအလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှန်ကန်စွာ ပေါ်ထွန်းဖော်ဆောင်နိုင်စေရေး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်သူ ပုဂ္ဂိုလ်များအားလုံး၊ ပြည်သူပြည်သားများအားလုံး၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုက်အဝန်းအားလုံးမှ အပြုသဘောဆောင်ပြီး နားလည်မှုအပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့်အတွက် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားမှုကိုထပ်မံပြီး ခြောက်လသက်တမ်း တိုးမြှင့်တာဝန်ထမ်းဆောင်ခွင့်ပြုရန်တင်ပြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ယင်းသို့ဆွေးနွေးချက်များတွင် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ပျက်ပြားစေရုံသာမကဘဲ  ပြည်သူလူထုကို အကြောက်တရားဖြင့် လွှမ်းမိုးကာ နိုင်ငံတော်၏အာဏာကိုအကြမ်းဖက် နည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် အခြေအနေရှိနေဆဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ ပြင်ဆင်ချိန်၊ စည်းရုံးချိန်များတွင် လုံခြုံရေးအရခြိမ်းခြောက်မှုများတွေ့ကြုံနေရခြင်း၊ မဲစာရင်းများ မှန်ကန်တိကျမှုရှိစေရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ခြင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်၍ တရားမျှတပြီး အကြောက်တရားကင်းစွာဖြင့် မဲပေးနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ဆဲဖြစ်ခြင်းတို့ကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ပေးရန်လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးဆုံးဖြတ်ချက်များအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ငန်းတာဝန်များပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သဘောထား ထုတ်ပြန်ချက်အရလည်းကောင်း နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား သြဂုတ် ၁ ရက်မှစ၍ နောက်ထပ်ခြောက်လ သက်တမ်းတိုးမြှင့်ခဲ့သည်။

Most Read

Most Recent