■ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးကို ပရိသတ်များ ပူးပေါင်းကူညီရန် UEFA ဥက္ကဋ္ဌ တိုက်တွန်း

■ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးကို ပရိသတ်များ ပူးပေါင်းကူညီရန် UEFA ဥက္ကဋ္ဌ တိုက်တွန်း
Photo: UEFA
Photo: UEFA
Published 23 June 2023

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်က လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအတွက် ပရိသတ်များ ပူးပေါင်း ကူညီရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

    

ပြီးခဲ့သည့်ရာသီတွင် ရီးယဲလ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ပစ်မှတ်ထား၍ လူမျိုးရေးခွဲခြားမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီး အန်သိုနီတေလာမှာလည်း ဘူဒါပက်စ်လေဆိပ်၌ ရိုးမားအသင်းပရိသတ်များ၏ လှောင်ပြောင်တိုက်ခိုက်မှုခံခဲ့ရသည်။

    

ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍ ဆယ်ဖာရင်က "ဘောလုံးလောကနဲ့ ပရိသတ်တွေကို အရှက်ရစေမယ့် အဲဒီလူမိုက်တွေကို အော်ဟစ်ပြီးတော့ ဖယ်ရှားရပါမယ်။ လိဂ်ပြိုင်ပွဲတွေ၊ ဘောလုံးအဖွဲ့ချုပ်တွေ၊ UEFA ဝန်ထမ်းတွေ၊ ဒိုင်လူကြီးတွေနဲ့ ဘောလုံးလောကရဲ့တာဝန်ရှိသူတွေဆီ အမုန်းတရားဖြစ်အောင် လုပ်နေသူတွေကို ဖယ်ရှားကြရအောင်။ သူတို့ (အဆိုပါတာဝန်ရှိသူတွေ)က ခင်ဗျားတို့လိုပဲ ပရိသတ်တွေပါ။ ခင်ဗျားတို့လိုပဲ ဘောလုံးကို ချစ်မြတ်နိုးသူတွေပါ။ ခင်ဗျားတို့လိုပဲ မိသားစု ရှိသူတွေပါ။ ပြီးတော့ ကျွန်တော်တို့၊ ခင်ဗျားတို့လိုပဲ အမှားတွေ လုပ်တတ်ကြပါတယ်။ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေကို လုံးဝ လက်မခံပါဘူး"ဟု ပြောကြားသည်။

 

Most Read

Most Recent